Connect with us

Media

တရုတ်နိုင်ငံ၏ရေအားလျှပ်စစ်စီမံကိန်းကြီးက ရေစမ်းသပ်ထုတ်လွှတ်မှုပြုလုပ်ခဲ့

ကူမင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင်တည်ဆောက်နေသည့် ပိုင်ဟဲထန်ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီး၌ ပြီးခဲ့သည့် ကြာသပတေးနေ့က ရေစမ်းသပ်ထုတ်လွှတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။  ယင်းစမ်းသပ်မှုတွင် လုပ်ငန်းစဉ်တစ်ခုလုံးချောမွေ့မှုရှိကြောင်း တာဝန်ရှိသူများကဆိုသည်။

ပိုင်ဟဲထန်းရေအားလျှပ်စစ်စီမံကိန်းအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယန်စီမြစ်အပေါ်ပိုင်းရှိ ကျင်းရှ မြစ်ပေါ်တွင်တည်ဆောက်ထားသည်။ စီမံကိန်းအား ၂၀၁၇ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ ၂၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ) ခန့် ရှိကြောင်းသိရသည်။

ပိုင်ဟဲထန်းရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ အနောက်ပိုင်းမှ ကြွယ်ဝသောစွမ်းအင်အရင်းအမြစ်များအား တရုတ်နိုင်ငံအရှေ့ပိုင်းရှိစွမ်းအင်သုံးစွဲမှုများပြားသည့်ဒေသများသို့ ပို့လွှတ်မည့် လျှပ်စစ်ပို့လွှတ်ရေးစီမံကိန်းလည်းဖြစ်ပြီး နိုင်ငံ၏ သန့်စင်သည့်စွမ်းအင် အသုံးပြုရေးအတွက် အဓိက ကျသော အဆင့်တစ်ခုဖြစ်ကြောင်းဆိုသည်။ ရေအားလျှပ်စစ်စီမံကိန်းသည် ယူနန်ပြည်နယ် နှင့် စီချွမ်းပြည်နယ်နှစ်ခုကြား၌ တည်ရှိပြီးစတင်တပ်ဆင်သည့် စွမ်းအင်မှာ  ကီလိုဝပ် နာရီပေါင်း ၁၆သန်းခန့်ရှိသည်။ ရေအားလျှပ်စစ်စီမံကိန်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးယူနစ်ပေါင်း ၁၆ ခု တပ်ဆင်ထားပြီး ယူနစ်တစ်ခုလျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၁ သန်းစီထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ယူနစ်တစ်ခုချင်းစီ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏသည် ကမ္ဘာ့ အကြီးဆုံးဖြစ်လာခဲ့သည်။

ရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်ရေးယူနစ်များမှ ပထမအသုတ်ကို ၂၀၂၁ ခုနှစ်ဇွန်လတွင်စတင်လည်ပတ်နိုင်ခဲ့ပြီး ဇူလိုင် ၂၀၂၂ ခုနှစ်  တွင် ယူနစ်များအားလုံးလည်ပတ်မည်ဖြစ်သည်။ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီပေါင်း ၆၂.၄ ဘီလီယံကျော်ကို ထုတ်လုပ်ပေးနိုင်မည်ဟု ပိုင်ဟဲထန်းရေလှောင်တမံကြီးအား တည်ဆောက်ရေးလုပ်ဆောင်နေသည့် မြစ်ကျဉ်းသုံးသွယ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။ (Xinhua)

………………………………….

(English Version)

China’s mega hydropower station starts experimental flood discharge

KUNMING, Sept. 4 (Xinhua) — A large hydropower station under construction in southwest China has started experimental flood discharge.

The flood discharge at the Baihetan hydropower station began on Thursday. Facilities have been running smoothly during the process, said staff at the hydropower station.

The Baihetan hydropower station is located on the Jinsha River, the upper section of the Yangtze River in southwest China. Construction started in 2017, with an investment of 220 billion yuan (about 34 billion U.S. dollars).

 

Baihetan Hydropower Station, which transmits electricity from the resource-rich west to energy-consuming regions in east China, marks a major step in the country’s utilization of clean energy.

The hydropower station, which straddles the provinces of Yunnan and Sichuan, will have a total installed capacity of 16 million kilowatts. It will be equipped with 16 hydro-generating units, each with a capacity of 1 million kilowatts, the largest single-unit capacity in the world.

With the first batch of power-generating units put into operation in June 2021, all units are due to be operational by July 2022 and will generate an average of more than 62.4 billion kWh of electricity every year, according to the China Three Gorges Corporation, which built the station.