Connect with us

CHINA

တရုတ်နိုင်ငံ၏ နှစ်စဉ် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း ၇ ဘီလီယံရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကာကွယ်ဆေးထိုးနှံပေးသောနေရာတစ်ခုတွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသောကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နှစ်စဉ် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းသည် အကြိမ်ရေ ၇ ဘီလီယံစာထိ ရောက်ရှိနေပြီဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) အရ သိရသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးနောက်ဆုံးထုတ်လုပ်နိုင်စွမ်းအားကို ဒီဇင်ဘာ ၂၀ ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသားလုပ်ငန်းကွန်ဖရင့်၌ MIIT ဝန်ကြီး Xiao Yaqing က ကြေညာခဲ့ခြင်းဖြစ်သည်။

အမျိုးသားကျန်းမာရေးကော်မရှင်မှ အချက်အလက်များအရ ဒီဇင်ဘာ ၁၉ ရက်အထိ တရုတ် ပြည်မကြီးတွင် ကာကွယ်ဆေး အကြိမ်ရေ ၂.၆၈ ဘီလီယံ ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)
China’s annual COVID-19 vaccine production capacity hits 7 bln doses
Source: Xinhua| 2021-12-20 20:25:17|Editor: huaxia
BEIJING, Dec. 20 (Xinhua) — China’s annual COVID-19 vaccine production capacity has reached 7 billion doses, according to the Ministry of Industry and Information Technology (MIIT).
The country’s latest capacity was announced on Monday by MIIT Minister Xiao Yaqing at a national work conference in Beijing.
More than 2.68 billion vaccine doses had been administered on the Chinese mainland as of Sunday, data from the National Health Commission showed. ■
Photo : A medical worker prepares a dose of COVID-19 vaccine at a vaccination site in Beijing, capital of China, Dec. 9, 2021. (Xinhua/Zhang Yuwei)