Connect with us

China

တရုတ်နိုင်ငံ၏ အာကာသစခန်း တည်ဆောက်မှု ယခု ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်

တရုတ်နိုင်ငံ၏ Shenzhou-13 လူလိုက်ပါအာကာသယာဉ်က အာကာသစခန်း ပင်မခန်း Tianhe ၏ ပြင်ပဆိပ်ကမ်းဖြင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့မှုအား အောက်တိုဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာမှ ဖမ်းယူရရှိသည့် ပုံတွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၎င်း၏အာကာသစခန်း တည်ဆောက်မှုသည် ယခု ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်းထံမှ သိရသည်။

တရုတ်နိုင်ငံသည် လူသားများလိုက်ပါသည့် အာကာသပျံသန်းမှုအမျိုးမျိုး အပါအဝင် ၂၀၂၂ ခုနှစ်အတွင်း အာကာသသို့ လွှတ်တင်ခြင်း ၄၀ ကျော်အား တွေ့မြင်နိုင်ကြောင်း အာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်းက နှစ်သစ်အတွက် အစီအစဉ်နှင့်ပတ်သက်၍ မကြာသေးမီက ပြုလုပ်သော ညီလာခံတစ်ခု၌ ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ကုန်တင်အာကာသယာဉ်နှစ်စီး ၊ Shenzhou အာကာသယာဉ်နှစ်စီး နှင့် တရုတ်နိုင်ငံ၏ စီမံထားသည့် အာကာသစခန်း၏ ဓာတ်ခွဲခန်းမော်ဂျူးများအား လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

အာကာသစခန်းနှင့်ဆက်စပ်သည့် အခြားတာဝန်များတွင် ပတ်လမ်းအတွင်း ဆုံတွေ့ခြင်း နှင့် ချိတ်ဆက်ခြင်း ၊ အာကာသယာဉ်ပြင်ပလှုပ်ရှားမှုများ နှင့် အာကာသယာဉ် ပြန်လှည့်လာခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Long March-6A သယ်ဆောင်ရေးဒုံးယာဉ်သည် ၂၀၂၂ ခုနှစ်အတွင်း ပထဦးဆုံးအကြိမ် ပျံသန်းမှုကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
China to complete building of space station in 2022
BEIJING, Jan. 6 (Xinhua) — China will complete the building of its space station in 2022, according to the China Aerospace Science and Technology Corporation.
The country will see 40-plus space launches in 2022, including multiple manned space flights, the company said at a recent conference on its plan for the new year.
It plans to launch two cargo craft, two Shenzhou spaceships and two laboratory modules of China’s planned space station within the year.
Other missions relating to the space station include in-orbital rendezvous and docking, extravehicular activities and spacecraft return.
The Long March-6A carrier rocket will also make its maiden flight in 2022. ■
Photo – Screen image captured at Beijing Aerospace Control Center in Beijing, capital of China, Oct. 16, 2021 shows China’s Shenzhou-13 crewed spaceship having successfully docked with the radial port of the space station core module Tianhe.(Xinhua/Tian Dingyu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.