Connect with us

CHINA

တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးကို ယူအေအီးနိုင်ငံတွင် အသက် ၃ နှစ်အထက် ကလေးငယ်များအတွက် အသုံးပြုရန်ခွင့်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် Sinopharm ကာကွယ်ဆေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးကို အသက် ၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။အဆိုပါ ဆုံးဖြတ်ချက်သည် “လက်တွေ့စမ်းသပ်မှု ရလဒ်တွေ ၊ ကာကွယ်ဆေး အရေးပေါ်အသုံးပြုရေးခွင့်ပြုဖို့ တင်းကြပ်တဲ့ ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာခြင်းရှိမှု ၊ ဒေသဆိုင်ရာ အကဲဖြတ်မှု စတာတွေအပေါ် အခြေခံထားတာဖြစ်ပါတယ်” ယူအေအီး နိုင်ငံပိုင် သတင်းအေဂျင်စီ WAM က ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

“ကာကွယ်ဆေး ခွင့်ပြုချက်က COVID-19 တိုက်ဖျက်ဖို့ ယူအေအီးနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းကနေလာတာဖြစ်ပြီး ရပ်ရွာအဖွဲ့ဝင်များရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းမှု သေချာစေဖို့ လက်တွေ့ ဆောင်ရွက်မှုကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်” ဟု သတင်းက ဖြည့်စွက်ဖော်ပြထားသည်။

Sinopharm ကာကွယ်ဆေးကို ယူအေအီးနိုင်ငံတွင် ထုတ်လုပ်လျက်ရှိကြောင်း၊ ယင်းနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ၁၅.၅ သန်းကျော် ထိုးနှံပြီးဖြစ်ပြီး လူဦးရေ၏ ၆၄ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ်စီ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

China’s Sinopharm vaccine approved for children aged over 3 in UAE

DUBAI, Aug. 4 (Xinhua) — The United Arab Emirates (UAE) Ministry of Health and Prevention has approved the use of China’s Sinopharm COVID-19 vaccine for children aged between 3 and 17 years old in the UAE.

The decision was “based on the results of clinical studies, the strict assessment to approve the emergency use of the vaccine and the local evaluation that complies with the approved regulations,” the UAE’s state news agency WAM said Monday.

“The approval for the vaccine comes as part of the UAE’s efforts to combat COVID-19, and an affirmation of its proactive approach to ensure the health and safety of community members,” the report added.

Sinopharm is being produced locally in the UAE, which has so far administered more than 15.5 million doses of COVID-19 vaccines, with more than 64 percent of its population having received over two doses to date. ■
Photo taken on June 1, 2021 shows a vial of the Sinopharm vaccine in Beijing, capital of China. (Xinhua)