Connect with us

CHINA

တရုတ်နိုင်ငံ စာသင်ကျောင်းများတွင် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများ တင်းကျပ်ထား

တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ပြည်နယ် Lu'an မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း၌ မေ ၂၂ ရက်က nucleic acid စစ်ဆေးခြင်းအတွက် Swab ရယူရန် တန်းစီနေသော ကျောင်းသားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအတွင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်း ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား ၎င်းတို့၏ ကျန်းမာရေးအခြေအနေများသည် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် သတ်မှတ်ထားသည့် ပြဌာန်းချက်များနှင့် ပြည့်စုံချိန်တွင် စာသင်ကျောင်းသို့ ပြန်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီဌာန နှင့် အမျိုးသားကျန်းမာရေးကော်မရှင်တို့က မကြာသေးမီက ထုတ်ပြန်သော ကြော်ငြာစာတွင် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းများအား ကပ်ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှု နှင့် ရေရှည်သဘောသဘာဝကို သိရှိနားလည်ရန် ထည့်သွင်းပြောကြားထားသည်။

ထိန်းချုပ်ရေး နှင့် စောင့်ကြည့်ရေး အစီအမံများကို မြှင့်တင်ထားရမည်ဖြစ်ကြောင်း ၊ လေဝင်လေထွက် နှင့် ပိုးသတ်ခြင်းတို့ကိုလည်း သေချာအောင် လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း နှင့် ရပ်ရွာလူထု နှင့် တာဝန်ရှိသူများနှင့်ပါ ဆက်ဆံရေးကို ထူထောင်ထားရမည်ဖြစ်ကြောင်း ယင်းကြော်ငြာစာအရ သိရသည်။

စာသင်ကျောင်းများအား ကာယပညာ နှင့် လေ့ကျင့်ခန်းများအား မြှင့်တင်သွားရန် နှင့် အမျိုးသားအဆင့် စံချိန်စံညွှန်းများအရ လိုအပ်သည့် ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု အမှုထမ်း အရေအတွက် ခန့်အပ်ရေးတို့ကိုလည်း ကြော်ငြာစာတွင် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China tightens epidemic containment measures in schools
BEIJING, Aug. 2 (Xinhua) — Primary and middle school faculty and students can only return to school when their health conditions meet the requirements set for COVID-19 containment, the Ministry of Education said Monday.
A circular recently issued by the ministry and the National Health Commission has asked schools across the country to understand the arduous and long-term nature of epidemic prevention and control.
Containment and monitoring measures should be enhanced, ventilation and disinfection ensured, and communication with communities and authorities established, according to the circular.
It also calls on schools to promote physical education and exercise, and employ sufficient number of health care personnel as required by national standards. Enditem
Photo – Students queue up to take swab sample for nucleic acid testing at a primary school in Lu’an, east China’s Anhui Province, May 22, 2021. (Xinhua/Zhou Mu)