Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တိရစ္ဆာန်ရုံတွင် ပန်ဒါအမြွှာမွေးဖွား

ချုံချင့်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသရှိ တိရစ္ဆာန်ရုံတစ်ခုတွင် ပန်ဒါကြီးမျိုးတစ်ကောင်မှ ပန်ဒါအမြွှာအထီးလေးနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။

ပထမဆုံး ပန်ဒါသားပေါက်လေးမှာ ဇွန် ၁၀ ရက် နံနက် ၁:၁၃ နာရီတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး အလေးချိန် ၁၆၁ ဂရမ်ရှိကာ နောက်တစ်ကောင်မှာမူ နံနက် ၁:၄၉ နာရီ ၌ မွေးဖွားခဲ့ပြီး အလေးချိန် ၁၅၁ ဂရမ်ရှိကြောင်း ချုံချင့် တိရစ္ဆာန်ရုံက ဆိုသည်။

၎င်းပန်ဒါသားပေါက်လေးများသည် ယခုနှစ်အတွင်း၌ လှောင်အိမ်အတွင်း မွေးဖွားခဲ့သော ပထမဆုံး ပန်ဒါအမြွှာလေးများဖြစ်ကြောင်း တိရစ္ဆာန်ရုံ၌ အလုပ်လုပ်ကိုင်သူ Yin Yanqiang က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မွေးဖွားခဲ့သော ပန်ဒါမိခင် Mangzai သည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် သားပေါက်ခဲ့ပြီး ပန်ဒါသားပေါက်အမလေး နှစ်ကောင် မွေးဖွားခဲ့သည်။ ယခု အမြွှာလေးများမှာ Mangzai က ဒုတိယအကြိမ် မွေးဖွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ယင်းတိရစ္ဆာန်ရုံ၌ ပန်ဒါ ၁၇ ကောင်နေထိုင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ထိန်းသိမ်းမွေးမြူရေးစခန်းအတွင်းနေထိုင်သည့် ပန်ဒါကြီးမျိုး အရေအတွက်မှာ ၆၃၃ ကောင်ရှိကြောင်း၊ တောထဲတွင် နေထိုင်သည့် ပန်ဒါကောင်ရေ ၂,၀၀၀ အောက်ရှိပြီး အများစုမှာ စီချွမ်းနှင့် ဆန်ရှီး ပြည်နယ်များ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | Zoo welcomes panda twins in southwest China
2021-06-26 16:41:52
CHONGQING, June 26 (Xinhua) — A giant panda has given birth to twin male cubs at a zoo in southwest China’s Chongqing Municipality.
The first cub was born at 1:13 a.m. on June 10, weighing 161 grams, and the other arrived at 1:49 a.m., weighing 151 grams, said Chongqing Zoo.
They are the first panda twins to be born in captivity this year, said Yin Yanqiang, who works at the zoo.
The mother, Mangzai, was born in 2011 and gave birth for the first time in 2019 — to two female cubs. It is the second time Mangzai has given birth to twins.
The zoo is currently home to 17 pandas. The number of giant pandas in captivity worldwide reached 633 in 2020. Fewer than 2,000 pandas are alive in the wild, mostly inhabiting the provinces of Sichuan and Shaanxi.

Produced by Xinhua Global Service