Connect with us

Media

တရုတ်ပြည်တွင်းဖြစ် ကုန်းရေနှစ်မျိုးသွား လေယာဉ်ကြီးအား လေကြောင်းပြပွဲတွင်ပြသမည်

ကျူးဟိုင်၊ ကွမ်တုန်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မကြာမီကျင်းပမည့် ၁၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ လေကြောင်း နှင့် အာကာသပြပွဲ၌ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် AG600 ကုန်းရေ နှစ်မျိုးသွား လေယာဉ်ကြီးကို ပထမဆုံးအကြိမ်လေကြောင်းပြသမှု ပြုလုပ်သွားမည်ဟုသိရသည်။
အမည်ဝှက် ကူးလွန်ဟုပေးထားသည့် AG600 လေယာဉ်ကြီးသည် တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစနစ်တွင် လေကြောင်းအထောက်အပံ့ပြုလုပ်ရာ၌ အခရာကျသော လေယာဉ်ကြီးဖြစ်သည်။
ထိုလေယာဉ်ကြီးအား ၂၀၁၇ ခုနှစ်တွင်အောင်မြင်စွာစမ်းသပ်ပျံသန်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရေလှောင်တမံမှ ပထမဆုံး ထွက်ခွါပျံသန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ပင်လယ်ပြင်မှပထမဆုံး ထွက်ခွါပျံသန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ယခုနှစ်တရုတ်နိုင်ငံ၏ လေကြောင်းပြပွဲကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်ကျူးဟိုင်မြို့တွင်ကျင်းပသွားမည်ဟုသိရသည်။ (Xinhua)
……………………….
(English Version)
GLOBALink | China’s AG600 amphibious aircraft to perform flights at Airshow China
ZHUHAI, Guangdong, Sept. 27 (Xinhua) — Ahead of the 13th China International Aviation and Aerospace Exhibition, China’s independently developed AG600 large amphibious aircraft is getting ready to perform its first airshow flight at the upcoming Airshow China.
Code-named Kunlong, the AG600 is a key piece of aeronautical equipment in China’s emergency rescue system.
It successfully completed its maiden flight from land in 2017, its first takeoff from a water reservoir in 2018, and its first sea takeoff in 2020.
This year’s Airshow China will be held from Sept. 28 to Oct. 3 in Zhuhai, south China’s Guangdong Province.
Produced by Xinhua Global Service