Connect with us

Europe

တရုတ်အားကစားအဖွဲ့များအားလုံး နိုင်ငံတကာစစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲကျင်းပရာ နေရာအသီးသီးသို့ ရောက်ရှိ

မော်စကို ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံတကာစစ်ဘက်ဆိုင်ရာအားကစားပြိုင်ပွဲ ၂၀၂၁ ခုနှစ်အတွက် ပြိုင်ပွဲလက်ခံကျင်းပရာ ရုရှား ၊ ဘီလာရုဒ်စ် ၊ ဥဇဘတ်ကစ္စတန် နှင့် အီရန်နိုင်ငံများသို့ တရုတ်စစ်တပ်၏ ပြိုင်ပွဲဝင် ၁၇ ဖွဲ့စလုံးသည် စစ်လက်နက်များ နှင့် အသုံးဆောင် ကိရိယာတန်ဆာပလာများနှင့်အတူ အသီးသီးရောက်ရှိသွားကြပြီဖြစ်ကြောင်း သိရသည်။ကြည်း ၊ ရေ ၊ လေ တပ်ဖွဲ့များမှ တရုတ်တပ်ဖွဲ့ဝင် ၇၀၀ ကျော်သာမက မဟာဗျူဟာမြောက် ထောက်ပို့တပ်ဖွဲ့ နှင့် တွဲဖက်ထောက်ပို့တပ်ဖွဲ့သည် အဆိုပါ လေးနိုင်ငံ၌ ပြိုင်ပွဲ ၁၇ မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဩဂုတ် ၉ ရက်တွင် ရောက်ရှိလာပြီးနောက် Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်မှ ပစ္စည်းကိရိယာများအား ထုတ်ယူနေစဉ်(ဆင်ဟွာ)

မဟာဗျူဟာမြောက် ထောက်ပို့တပ်ဖွဲ့ နှင့် တွဲဖက်ထောက်ပို့တပ်ဖွဲ့သည် ပြည်ပနိုင်ငံများ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စေလွှတ်ခြင်းခံရပြီး ယင်းအဖွဲ့များသည် စစ်ဘက်ဆိုင်ရာ မြေမျက်နှာသွင်ပြင် တာဝန်ထမ်းဆောင်ခြင်း နှင့် စစ်ဘက်ဆိုင်ရာမောင်းနှင်မှုပြိုင်ပွဲများတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်သင်္ဘော Guangyuan သည် ရုရှားနိုင်ငံ Vladivostok မြို့သို့ ဩဂုတ် ၁၆ ရက်တွင် ရောက်ရှိလာစဉ်(ဆင်ဟွာ)

တရုတ်တပ်မတော်သည် ၈ နှစ်ဆက်တိုက် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲတွင် ပါဝင်ကာ အတွေ့အကြုံများ ဖလှယ်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် တရုတ် နှင့် နိုင်ငံခြား တပ်မတော်များအတွက် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————-
(Chinese Version)
All Chinese teams arrive at venues of int’l army games

MOSCOW, Aug. 17 (Xinhua) — All of the Chinese military’s 17 teams with weapons and equipment have arrived at their venues in Russia, Belarus, Uzbekistan and Iran on Tuesday for the upcoming International Army Games 2021.

More than 700 Chinese troops from the ground, naval and air forces as well as the strategic support force and the joint logistics support force will participate in 17 competitions in the four countries.

For the first time, China’s strategic support force and joint logistics support force have sent teams to the games in foreign countries, and they will compete in contests for military topographic services and military drivers.

The Chinese military is about to participate in the International Army Games for the eighth consecutive year, which has served as a platform for the Chinese and foreign militaries to exchange experiences and strengthen cooperation. ■

Photo 1 – Military vehicles of the Chinese People’s Liberation Army arrive in Moscow, Russia, Aug. 14, 2021. (Photo by Yu Xiaoping/Xinhua)
Photo 2 – Members of the Chinese People’s Liberation Army unload equipment from Y-20 large transport aircraft after arrival in Moscow, Russia, Aug. 9, 2021. (Xinhua/Liu Yi)
Photo 3 – Navy ship Guangyuan of the Chinese People’s Liberation Army arrives in Vladivostok, Russia, Aug. 16, 2021. (Photo by Zhang Bin/Xinhua)