Connect with us

Asia

ဗြိတိန်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်အကြား အာဖဂန်အရေး ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

လန်ဒန်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်၏ လက်ရှိ အခြေအနေအပေါ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ဩဂုတ် ၁၇ ရက်ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အာဖဂန်တွင် ဖြစ်ပွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကာကွယ်တားဆီးနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းက တညီတညွတ်တည်း စည်းလုံးညီညွတ်ကြဖို့ လိုအပ်သည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ယူဆကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်မှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
လာမည့်ရက်သတ္တပတ်များတွင် အာဖဂန်မှ သက်ဆိုင်သူများအား ပြန်လည်ခေါ်ဆောင်ရေးအတွက် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်အနေဖြင့် ယင်းဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဒုက္ခသည်နေရာချထားရေးအစီအစဉ်များကို ဘောရစ်ဂျွန်ဆင်က ဖုန်းတွင် မိတ်ဆက်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလ အာဖဂန်တွင်ရရှိထားသည့် ရလဒ်များ အလဟဿမဖြစ်စေရန်၊ အကြမ်းဖက်ဝါဒ တိမ်းလျှိုနေသည့် အန္တရာယ်ကို ကာကွယ်သင့်ကြောင်းနှင့် အာဖဂန်ပြည်သူများကို ဆက်လက် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မကြာမီကျင်းပမည့် G7ထိပ်သီး အွန်လိုင်းအစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များက အာဖဂန်အရေးကိစ္စအား ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖဂန်သမ္မတ Mohammad Ashraf Ghaniက ၎င်းအာဖဂန်မှထွက်ခွာသွားပြီဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။ထိုသို့ ဆောင်ရွက်ခြင်းသည် သွေးထွက်သံယိုပဋိပက္ခများကို ရှောင်ရှားရန်အတွက်ဖြစ်ကြောင်း ဆိုသည်။ ထိုနေ့မှာပင် အာဖဂန်တာလီဘန် ပြောရေးဆိုခွင့်ရှိသူMohammad Naeemက တာလီဘန်လက်နက်ကိုင်များ မြို့တော်ကဘူးလ်ကို ဝင်ရောက်ထိန်းချုပ်လိုက်ပြီဖြစ်ရာ အာဖဂန်စစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

————————————————-
(Chinese Version)

(国际)英美领导人就阿富汗局势通电话

新华社伦敦8月17日电(记者金晶 许凤)英国首相约翰逊与美国总统拜登17日晚就阿富汗当前局势通电话。
根据英国首相府发表的声明,两国领导人认为,国际社会需要团结一致,防止阿富汗发生人道主义危机。两国将在未来几周内继续合作从阿富汗撤离相关人员。

约翰逊在通话中介绍了英国对该地区增加人道主义援助以及难民安置计划。他表示,不能让过去20年在阿富汗取得的成果付诸东流,应当防止恐怖主义的潜在威胁,并继续支持阿富汗人民。

声明说,两国领导人将在不久后举行的七国集团领导人网络会议上继续讨论阿富汗问题。  阿富汗总统加尼15日宣布,他已离开阿富汗,此举是为了避免流血冲突。同日,阿富汗塔利班发言人穆罕默德•纳伊姆宣布,塔利班武装人员已进入并控制了阿首都喀布尔,“阿富汗的战争已经结束”。(完)
8月17日在喀布尔街头拍摄的阿富汗塔利班武装人员。新华社发