Connect with us

China

တရုတ်-ရုရှား နှစ်နိုင်ငံတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှု တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၌ ပြုလုပ်မည်

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့မှ စစ်ဘက်ဆိုင်ရာများက ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဩဂုတ် ၅ ရက်တွင် လေ့ကျင့်ရေးကွင်းတစ်ခု၌ ဆွေးနွေးနေစဉ်(ဆင်ဟွာ)

ရင်ချွမ်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လေ့ကျင့်ရေးစခန်းတစ်ခု၌ ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တပ်များက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် လိုက်လျောညီထွေ ပြုပြင်နိုင်သော လေ့ကျင့်မှုအား လုပ်ဆောင်နေသည့် ရုရှား Su-30 တိုက်လေယာဉ်အား ဩဂုတ် ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် လိုက်လျောညီထွေ ပြုပြင်နိုင်သော လေ့ကျင့်မှုအား လုပ်ဆောင်နေသည့် ရုရှား Su-30 တိုက်လေယာဉ်အား ဩဂုတ် ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် လိုက်လျောညီထွေ ပြုပြင်နိုင်သော လေ့ကျင့်မှုအား လုပ်ဆောင်နေသည့် ရုရှား Su-30 တိုက်လေယာဉ်အား ဩဂုတ် ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ZAPAD/INTERACTION-2021 ဟု အမည်ပေးထားသည့် ယင်းလေ့ကျင့်မှုသည် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအတွင်း ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ဖြစ်ကြောင်း လေ့ကျင့်မှု၏ ဦးဆောင်အဖွဲ့ထံမှ သိရသည်။

ပါဝင်ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များမှာ အဓိကအားဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ရုရှားနိုင်ငံ အရှေ့ပိုင်းစစ်ဒေသ တို့မှ ဖြစ်သည်။ စုစုပေါင်း တပ်ဖွဲ့ဝင်ဦးရေ ၁၀,၀၀၀ ကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အတူတကွ ကာကွယ်စောင့်ရှောက်ခြင်း နှင့် အကြမ်းဖက်အင်အားစုများအား နှိမ်နှင်းရန် နှစ်ဘက်လုံး၏ စွမ်းဆောင်ရည် နှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းကို ထပ်မံ၍ လက်တွေ့ပြသရန် ရည်ရွယ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wu Qian က ပြီးခဲ့သော အပတ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်သည့် ရုရှားနိုင်ငံ အရာရှိများ နှင့် စစ်သားများအားလုံးသည် တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းများအရ Quarantine နှင့် ဆေးစစ်ခြင်းများ ပြည့်စုံစွာခံယူပြီးနောက်တွင် လေ့ကျင့်ရေး ပြုလုပ်မည့် နေရာသို့ ဝင်ရောက်ခဲ့သည်။လေ့ကျင့်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအားလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Chinese, Russian militaries to hold joint drill in NW China
YINCHUAN, Aug. 5 (Xinhua) — A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region.
The exercise, named ZAPAD/INTERACTION-2021, is the first joint military exercise held inside China since the COVID-19 outbreak, according to the exercise’s leading group.
The participating troops will mainly be from China’s PLA Western Theater Command and Russia’s Eastern Military District. A total of over 10,000 members will be involved.
The exercise aims to further demonstrate the determination and ability of both sides to combat terrorist forces and jointly safeguard regional peace and security, said Wu Qian, spokesperson for the Ministry of National Defense, at a press conference last week.
All the Russian officers and soldiers participating in the drill have entered the exercise area after completing quarantine and medical observation according to China’s epidemic-prevention regulations. All the preparatory work for the exercise has been completed. Enditem
Photo 1 – Chinese and Russian military personnel communicate on a joint military drill at a training ground on Aug. 5, 2021. A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region. (Xinhua/Liu Fang)
Photo 2 – A Russian Su-30 fighter conducts adaptive training for a joint military drill with China on Aug. 4, 2021. A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region. (Photo by Tang Jian/Xinhua)
Photo 3 – Russian military personnel conduct adaptive training for a joint military drill with China on Aug. 2, 2021. A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region. (Photo by Ding Kai/Xinhua)
Photo 4 – Military personnel prepare equipment for a joint military drill by the Chinese and Russian armies on Aug. 5, 2021. A joint military exercise by the Chinese and Russian armies will be held from Aug. 9 to 13 at a training base of the People’s Liberation Army (PLA) in northwest China’s Ningxia Hui Autonomous Region. TO GO WITH “Chinese, Russian militaries to hold joint drill in NW China” (Photo by Ding Kai/Xinhua)