Connect with us

Media

တရုတ်-လာအို နှစ်နိုင်ငံ ချိတ်ဆက်ရထားလမ်းဘူတာရုံများ အားလုံးတည်ဆောက်ပြီးစီးပြီဖြစ်

ဗီယန်ကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား နှစ်နိုင်ငံ ချိတ်ဆက်ပြေးဆွဲမည့်ရထားလမ်းပေါ်ရှိ ဘူတာရုံ ၁၀ ရုံစလုံးကို တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်း လာအို-တရုတ် ရထားလမ်းကုမ္ပဏီ LCRC က နိုဝင်ဘာ ၁၂ ရက်တွင်ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရထားလမ်း၏နောက်ဆုံးဘူတာဖြစ်သည့် Luang Prabang ဘူတာသည် ဗီယန်ကျင်းမြို့၏ မြောက်ဘက် ၂၂၀ ကီလိုမီတာ အကွာတွင်တည်ရှိပြီး China Railway Construction Group Co.,Ltd (CRCG)တည်ဆောက်ခဲ့ကာ နိုဝင်ဘာ ၁၀ ရက်တွင် ဘူတာရုံပြင်ပ အလှဆင်ခြင်းလုပ်ငန်းအထိ ပြီးစီးခဲ့ပြီဖြစ်ကြောင်း လာအိုနိုင်ငံ ၏ မြို့တော် ဗီယန်ကျင်းတွင် အခြေစိုက်သည့် ရထားလမ်းဆောက်လုပ်ရေးနှင့်လည်ပတ်ရေးတာဝန်ခံ လာအို-တရုတ် ရထားလမ်းကုမ္ပဏီ China Railway Construction Group Co., Ltd LCRC ကဆိုသည်။

Luang Prabang ဘူတာသည် ဗီယန်ကျင်းဘူတာပြီးနောက် ဒုတိယမြောက်အကြီးဆုံးဘူတာဖြစ်ပြီး စင်္ကြံနှစ်ခုနှင့် ရထားလမ်းပေါင်း ၄ လမ်းပါဝင်သည်။

တရုတ်နိုင်ငံတွင် ဘူတာရုံများစွာကိုတည်ဆောက်ခဲ့သည့်အတွေ့အကြုံများစွာရှိသော CRCG အင်ဂျင်နီယာများသည် တရုတ်ဂန္တဝင်ဗိသုကာလက်ရာတံခါးပုံစံကို လာအိုနိုင်ငံ ၏ အမျိုးသားအထိမ်းအမှတ်ပန်းဖြစ်သည့် Dok Champa ပန်းပွင့်၏အစိတ်အပိုင်းများနှင့် ဒီဇိုင်းထွင် ပေါင်းစပ်ထားသည့်အပြင် ဘူတာရုံတံခါးတိုင်များ၊ တံခါးတန်းများနှင့် မျက်နှာစာများ၌  နှစ်နိုင်ငံ ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် ဗိသုကာလက်ရာများဖြင့် ထည့်သွင်း တည်ဆောက်ထားသည်။

တရုတ်-လာအို နိုင်ငံချင်းဆက်ရထားလမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ ကုန်းတွင်း ပိတ်နိုင်ငံမှ ကုန်းတွင်းဆက် အချက်အချာနေရာအဖြစ်သို့ပြောင်းလဲခြင်း မဟာဗျူဟာနှင့်ချိတ်ဆက်ထားသည့်စီမံကိန်းတို့အကြားအကောင်အထည်ဖော်ဆောင်သည့် ကနဦးစီမံချက်ဖြစ်သည်။

လျှပ်စစ်ဖြင့်ပြေးဆွဲမည့် ခရီးသည်နှင့်ကုန်တင် ရထားလမ်းအား တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံချိန်စံညွှန်းများနှင့်အညီ အပြည့်အဝ အကောင်အထည်ဖော်တည်ဆောက်ခဲ့သည်။ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် တည်ဆောက်ပြီးစီးကာ စတင်အသုံးပြုနိုင်ရန်လျာထားကြောင်းသိရသည်။ (Xinhua)

…………………..

(English Version)

GLOBALink | All China-Laos Railway stations in Laos conclude debut shows

All the 10 China-Laos railway stations in Laos have concluded their debut shows, the Laos-China Railway Co., Ltd. (LCRC) told Xinhua on Friday.

According to the LCRC, a joint venture based in Lao capital Vientiane in charge of the construction and operation of the railway, the last station in Luang Prabang, some 220 km north of Vientiane, built by China Railway Construction Group Co., Ltd. (CRCG), completed its outer facade decoration on Wednesday.

The Luang Prabang Station, the second largest station after the Vientiane Station, consists of two platforms with four track lines.

With abundant experience in station construction in China, the CRCG engineers combined the classic Chinese architecture’s door style with elements of the Lao national flower of Dok Champa in the design and building of the station’s door posts, door beams and facade, reflecting the aesthetic culture of the two countries.

The China-Laos Railway is a docking project between China’s Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub.

The electrified passenger and cargo railway is built with the full application of Chinese management and technical standards. The construction of the project started in December 2016 and is scheduled to be completed and open to traffic in December 2021.

 

Produced by Xinhua Global Service