Connect with us

Media

တရုတ်နိုင်ငံရှိမြန်နှုန်းမြင့်ရထားလမ်းပိုင်း၏ ပင်လယ်ကူးတံတားကြီးချိတ်ဆက်ပြီးစီး

ဖူကျန့်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းဖူကျန့်ပြည်နယ်ရှိ ဖူးကျိုးမြို့နှင့်ရှမန်မြို့ကို ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်းဖြစ်သည့် တံတားကြီးတစ်စင်းကို နိုဝင်ဘာ ၁၃ ရက်တွင် အောင်မြင်စွာချိတ်ဆက်တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

မေကျိုးပင်လယ်အော် ဖြတ်ကူးတံတားကြီး သည် ဖောက်လုပ်ဆဲဖြစ်သော ၂၇၇ ကီလိုမီတာအရှည်ရှိ ဖူးကျိုးနှင့်ရှမန်မြို့ သို့ ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့် ရထားလမ်း၏ အဓိက အစိတ်အပိုင်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။

တံတား၏ အရှည်မှာ ၁၄.၇ ကီလိုမီတာရှိပြီး ၎င်းမှာ ပင်လယ်ကူးအမြန်ရထားလမ်းပေါ်တွင်တည်ဆောက်ထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံး  အတွင်းခုံး ကြိုးဆိုင်း တံတားအမျိုးအစားဖြစ်သည်ဟု တည်ဆောက်သူများကဆိုသည်။

မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင်  တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်ပြေးဆွဲနိုင်မည်ဖြစ်ရာ ဖူးကျိုးမြို့နှင့် ရှမန်မြို့အကြား တစ်နာရီအတွင်း သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

………………………………….

(English Version)

GLOBALink | Cross-sea high-speed railway bridge completes joining

A new bridge on a sea-crossing high-speed railway connecting the cities of Fuzhou and Xiamen in east China’s Fujian Province was joined together on Saturday.

The Meizhou Bay cross-sea bridge is one of the major parts of the 277-km Fuzhou-Xiamen high-speed railway which is under construction.

The length of the bridge is about 14.7 km, and its builder said it is the country’s first extradosed cable-stayed bridge on a sea-crossing high-speed railway.

With a designed speed of 350 km per hour, the high-speed railway is expected to slash the travel time from the province’s capital Fuzhou to the tourist attraction Xiamen within one hour.

Produced by Xinhua Global Service

…………………..