Connect with us

Africa & Middle East

တာလီဘန် ဦးဆောင်သည့် အာဖဂန်အစိုးရက လှူဒါန်းမှုအပေါ် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြား

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid အား နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ် နှင့် အာဖဂန် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ တရားရေးဝန်ကြီးဌာန၌ ဝတ်ပြုရန် ဗလီတစ်လုံး နှင့် တရားခွင်ခန်းမ နှစ်ခု တည်ဆောက်ရန် စတင်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းများအား တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင် တရုတ်နိုင်ငံ သံအမတ် Wang Yu က တရုတ်နိုင်ငံ နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် တောင်များ ၊ မြစ်များဖြင့် ချိတ်ဆက်ထားသည့် အလွန်နီးကပ်သည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း နှင့် နှစ်နိုင်ငံပြည်သူများသည် ရေရှည်တည်တံ့သော ချစ်ကြည်ရေးဖလှယ်မှုများအား အကျိုးခံစားကြရကြောင်း ပြောကြားခဲ့သည်။

ချစ်ကြည်မှု ၊ ရိုးသားမှု ၊ အပြန်အလှန်အကျိုးရှိမှု ၊ အားလုံးပါဝင်မှု အခြေခံမှုများနှင့်အညီ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံနှင့်အတူ ချစ်ကြည်ရင်းနှီးမှု နှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေး၏ သံတမန်ရေးရာမူဝါဒကို အမြဲတမ်း လိုက်နာခဲ့ကြောင်း နှင့် တစ်ဘက် နှင့် တစ်ဘက် ထောက်ပံ့ရန် အတူတကွ ရပ်တည်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၌ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ သာယာဝပြောရေးအား စောလျှင်စွာ အကောင်အထည်ဖော်မှုကို ရိုးသားစွာဖြင့် အားပေးမျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအား အခက်အခဲများကို ကျော်လွှားပြီး အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရေး ကူညီပေးရန် ခိုင်မာသည့်အစီအမံများအား တက်ကြွစွာသဘောတူလက်ခံခဲ့ကြောင်း သံအမတ် Wang Yu က မှတ်ချက်ပြုခဲ့သည်။

တာလီဘန်ဦးဆောင်သည့် အာဖဂန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူခေါင်းဆောင် Zabihullah Mujahid က လှူဒါန်းမှုအပေါ် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံအနေနဲ့ အကူအညီတွေ ပံ့ပိုးပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့အတူ ယုံကြည်စိတ်ချရတဲ့ဆက်ဆံရေးတွေ ရှိနေမှာလဲ အသေအချာပဲ ဖြစ်ပါတယ်။”ဟု Zabihullah Mujahid က ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု နှင့် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးရေး အာမခံချက်ဖြင့် Zabihullah Mujahid က အစိုးရသည် တရုတ်သံတမန်များ နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုံခြုံရေးပေးသွားမည် ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ သဘောထားကြီးသော ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

စစ်ဘေးသင့် အာဖဂန်နစ္စတန်နိုင်ငံ ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ နှင့် ဥရောပနိုင်ငံများ ၊ အစ္စလာမ်မစ်နိုင်ငံများ ၊ ဒေသတွင်းနိုင်ငံများ၏ ကူညီမှုအား မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ယာယီတရားရေးဝန်ကြီး Shaikh Abdul Hakim Sharai က အာဖဂန်နစ္စတန်နိုင်ငံအား လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပံ့ပိုးမှုများအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ် လေးခုအကြာ စစ်ပွဲအပြီးမှာ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ထောက်ပံ့မှုတွေအတွက် တရုတ်နိုင်ငံနဲ့ တရုတ်သံအမတ်ကြီးကို ကျွန်တော်အနေနဲ့ ကျေးဇူးတင်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————-
(English Version)
Taliban-led Afghan gov’t thanks China over donation
KABUL, Dec. 13 (Xinhua) — Chinese and Afghan officials inaugurated the construction of a mosque and two wells in the Ministry of Justice of Afghanistan on Sunday.
The projects were funded by China.
Chinese Ambassador to Afghanistan Wang Yu said China and Afghanistan are very close neighbors connected by mountains and rivers, and the two peoples enjoy long-lasting friendly exchanges.
In accordance with the principle of amity, sincerity, mutual benefit and inclusiveness, China has always adhered to the diplomatic policy of building friendship and partnership with Afghanistan and have been standing together to support each other, he said.
The ambassador noted that China sincerely hopes for and promotes an early realization of peace, tranquility, prosperity and good-neighborliness in Afghanistan. China has actively adopted concrete measures to help Afghanistan to seize opportunities and surmount difficulties.
Chief spokesman of Taliban-led administration Zabihullah Mujahid thanked China over the donation.
“The Islamic Emirate of Afghanistan is thankful to China over sending assistance and also assures of having trustable relations with the neighboring country,” he said in his speech.
Assuring protection to investment and investors, Mujahid stated that the administration is firm to provide security for Chinese diplomats and investors and also is thankful to China’s generous cooperation.
The spokesman also looked forward to the help of regional countries, Islamic world, European nations and China in the rebuilding process of war-torn Afghanistan.
Speaking at the ceremony, Acting Justice Minister Shaikh Abdul Hakim Sharai expressed gratitude to China for its support and provision of humanitarian assistance to his country.
“I am thankful to China and the Chinese ambassador for their support to Afghanistan, a country that its infrastructures have been destroyed over the past four decades of war.” Enditem
Photo – Taliban spokesman Zabihullah Mujahid speaks during a press briefing in Kabul, Afghanistan, on Nov. 10, 2021. (Photo by Saifurahman Safi/Xinhua)