Connect with us

Europe

တူရကီနိုင်ငံ အနောက်တောင်ပိုင်း၌ တောမီးလောင်ကျွမ်းမှုသည် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိလာသောကြောင့် ဘေးလွတ်ရာသို့ လျင်မြန်စွာပြောင်းရွှေ့ပေးလျက်ရှိ

တူရကီနိုင်ငံ Antalya ပြည်နယ် Manavgat မြို့ရှိ တောမီးလောင်ကျွန်းမှုတွင် မီးငြိှမ်းသတ်နေသော မီးသတ်သမားတစ်ဦးအား ၂၀၂၁ ခုနှစ် သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တောမီးသည် တူရကီနိုင်ငံအနောက်တောင်ပိုင်း Mugla ပြည်နယ်ရှိ အပူစွမ်းအင်သုံး ဓာတ်ပေါင်းဖို လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုသို့ ရောက်ရှိလာသောကြောင့် အနီးအနားရှိ မြို့များမှ လူများအား သြဂုတ် ၄ ရက်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။လုံထိန်းတပ်ဖွဲ့ဝင်များက Milas ခရိုင် အနီးတွင်နေထိုင်သူများအား ဘေးလွတ်ရာသို့ ချက်ချင်းထွက်ခွါရန် အမိန့်ပေးခဲ့ကြောင်း ဒေသတွင်း အရာရှိများက ဆိုသည်။
မြို့ငယ်လေး တစ်မြို့ဖြစ်သော Oren မြို့၌ နေထိုင်သူများသည် ၎င်းတို့၏ ကားများ သို့မဟုတ် အခြားနည်းလမ်းများဖြင့် အဝေးပြေးလမ်းမတစ်လျှောက် ထွက်ခွါရန်ကြိုးစားလျက်ရှိပုံကို မီဒီယာက ဖော်ပြထားသည်။

အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆိပ်ကမ်းတွင်စုဝေးနေသော နိုင်ငံသားများအား ရေတပ်သင်္ဘောဖြင့် ဘေးလွတ်ရာသို့ ပို့ဆောင်ရန် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံဧရိယာတစ်ခုလုံးကို လုံးဝပိတ်ထားခဲ့ရကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။

မီးသည် Kemerkoy အပူစွမ်းအင်သုံး ဓာတ်ပေါင်းဖို လျှပ်စစ်ဓာတ်အားပေးစက်ရုံအဆောက်အဦကို ကူးစက်ပျံ့နှံ့ခဲ့ကြောင်း နှင့် ပေါက်ကွဲစေတတ်သာ ဓာတုပစ္စည်းများ အားလုံးကို စွန့်ပစ်ခဲ့ရကြောင်း Mugla မြို့တော်ဝန် Osman Gurun အတည်ပြုပြောကြားခဲ့သည်။ “ဒါပေမယ့်အထဲမှာ ကျောက်မီးသွေးတန်ချိန် ထောင်ချီပြီးရှိနေတဲ့အတွက် မီးပြန့်ပွါးနိုင်တဲ့အန္တရာယ်ရှိတယ်’’ဟု Gurun က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

——————————————————–
(English Version)

Wildfire engulfs power plant in SW Turkey, prompts evacuation

ISTANBUL, Aug. 4 (Xinhua) — Wildfire has reached a thermal power plant in the southwestern Turkish province of Mugla and forced the evacuations of people in nearby towns on Wednesday.
Gendarmerie forces ordered the residents of several neighborhoods in the Milas district to leave the area immediately, local officials said.

Media footage showed people trying to leave Oren, a small town, by their vehicles or other means they found through the highway.
The National Defense Ministry announced that citizens who gathered at the pier were evacuated and transported to safe areas with the landing ship of the Naval Forces Command.
The power plant area was completely cordoned off, according to press reports.

Mugla Mayor Osman Gurun confirmed that the fire has spread to the Kemerkoy Thermal Power Plant buildings, and all the explosive chemicals in the facility have been emptied.
“However, there is a risk of the fire spreading to thousands of tons of coal inside,” Gurun noted. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.