Connect with us

North America

နယူးယောက် အုပ်ချုပ်ရေးမှူးက Ida မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာ

နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်စေသော Ida ဟာရီကိန်းမုန်တိုင်း အကြွင်းအကျန်များကြောင့် ဩက်တင်ဘာ ၂ ရက် အစောပိုင်း၌ အရေးပေါ်အခြေအနေအဖြစ် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ကြေညာခဲ့သည်။“ဒီကနေ့ည မုန်တိုင်းကြောင့် နယူးယောက်မှာနေထိုင်သူတွေကို အထောက်အကူဖြစ်စေဖို့ အရေးပေါ်အခြေအနေ ကြေညာတာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး လမ်းမတွေနဲ့ အဝေးမှာနေထိုင်ကြပြီး မလိုအပ်တဲ့ခရီးတွေအားလုံးကို ရှောင်ရှားကြပါ” ဟု Hochul က တွစ်တာ၌ ရေးသားထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းမှာ “အားလုံးမျှော်မှန်းထားတာထက် ပိုလွန်နိုင်ပြီး” ဒေသတွင်းလည်း “အလွန်အရေးကြီးတဲ့ အခြေအနေ” ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အား ကိုးကား၍ CNN က သတင်းဖော်ပြခဲ့သည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က နယူးယောက်မြို့တွင် အရေးပေါ်အခြေအနေကြေညာပြီးနောက် တစ်နာရီခန့်အကြာတွင် Hochul ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကနေ့ညမှာ မြို့တစ်ခွင် စံချိန်တင် မိုးရွာသွန်းမှု၊ ဆိုးဝါးတဲ့ ရေလွှမ်းမိုးမှုတွေ၊ လမ်းမပေါ်မှာလည်း အန္တရာယ်ရှိတဲ့ အခြေအနေတွေကို သမိုင်းဝင်ရာသီဥတုအခြေအနေဆိုးကို ကြုံတွေ့နေရတယ်” ဟု မြို့တော်ဝန်က စက်တင်ဘာ ၁ ရက် ညပိုင်းက ပြောခဲ့သည်။

Ida မုန်တိုင်းသည် လူဝီစီယားနားပြည်နယ်တွင် အဆင့် ၄ ရှိသော ဟာရီကိန်းမုန်တိုင်းအဖြစ် ဩဂုတ် ၂၉ ရက်က ဝင်ရောက်ခဲ့ပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

New York governor declares state of emergency over storm Ida

NEW YORK, Sept. 2 (Xinhua) — New York State Governor Kathy Hochul declared her first state of emergency early Thursday as remnants of Hurricane Ida brought torrential rain and heavy flooding to the U.S. Northeast region.

“I am declaring a state of emergency to help New Yorkers affected by tonight’s storm. Please stay off the roads and avoid all unnecessary travel,” Hochul tweeted.
The heavy rain was “far more than anyone really expected,” and left the region in “a very dire situation,” the governor was quoted by CNN as saying.
Hochul’s declaration came about an hour after New York City Mayor Bill de Blasio declared a state of emergency in his city.

“We’re enduring a historic weather event tonight with record-breaking rain across the city, brutal flooding and dangerous conditions on our roads,” the mayor said Wednesday night.
Ida landed in Louisiana as a Category 4 hurricane on Sunday and has weakened to a tropical storm. Enditem

Photo : (210831) — HOUMA, Aug. 31, 2021 (Xinhua) — A car is seen among debris after Hurricane Ida hit Houma, Louisiana, the United States, Aug. 30, 2021. With stranded people waiting for rescue on damaged roofs, flooded roads blocked by downed trees and power lines, and over one million people without power through Monday morning, Hurricane Ida has wreaked widespread havoc since its landfall in southern U.S. state of Louisiana on Sunday. (Photo by Nick Wagner/Xinhua)