Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ခရီးသည်တင်ရထား ပေါက်ကွဲမှုဖြစ်ပွား၊ လူပေါင်းများစွာ ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ခရီးသည်တင်ရထားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာနှင့် မီးရထားလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။အဆိုပါဖြစ်ရပ်သည် ပြည်နယ်မြို့တော် Quetta မှ ရထားထွက်ခွာလာပြီး မိနစ်အနည်းငယ်အကြာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကနဦးအစီရင်ခံစာ ထုတ်ပြန်ရန် အသေးစိတ်အချက်အလက်များ စုစည်းနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ပါကစ္စတန် ရထားလုပ်ငန်း၏ သတင်းပြန်ကြားရေး၊ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ရထားတွဲလေးတွဲနှင့် အင်ဂျင်တို့ လမ်းချော်သွားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။“ရထားလမ်းဘေးနားမှာ ဗုံးချထားပြီး ရထားလည်းဖြတ်သွားတာနဲ့ ဖောက်ခွဲပစ်လိုက်တာ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဒေသတွင်း မီဒီယာသတင်းများအရ ပေါက်မှုကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး Quetta မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

1st LD: Several injured as blast hits train in SW Pakistan

ISLAMABAD, Jan. 18 (Xinhua) — Several people were injured when an explosion hit a passenger train in Pakistan’s southwest Balochistan province on Tuesday afternoon, local media and railway officials said.

The incident happened a few minutes after the train left the provincial capital of Quetta, an official with the media cell of the Pakistan Railways told Xinhua on condition of anonymity as they were still gathering details of the blast to compile the initial report.

He said that four compartments and the engine of the train derailed as the result of the explosion.
“A bomb was fixed near the track and it went off as soon as the train passed by it,” he added.

According to local media reports, the incident left several people injured who have been shifted to a hospital in Quetta. Enditem

Photo : KHARAN (PAKISTAN), Nov. 2, 2021 (Xinhua) — Photo taken on Nov. 2, 2021 shows the site of a bomb explosion in Kharan district, Balochistan province, Pakistan. Fourteen people were injured in the bomb explosion in Kharan district on Tuesday, police sources said. (Str/Xinhua)