Connect with us

Africa & Middle East

ပါလက်စတိုင်းသမ္မတ နှင့် အစ္စရေးဝန်ကြီး များ ငြိမ်းချမ်းရေးလုပ်စဉ် ဆွေးနွေး

ရာမလာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် အောက်တိုဘာ ၃ ရက် တွင် အနောက်ဘက်ကမ်းဒေသမြို့ ဖြစ်သော ရာမလာမြို့ ၌ အစ္စရေးဝန်ကြီးနှစ်ဦးနှင့် နှစ်ဘက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း WAFA ပါလက်စတိုင်းသတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။အစ္စရေးကျန်းမာရေးဝန်ကြီး Nitzan Horowitz နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Issawi Frej တို့နှင့် ဆွေးနွေးစဉ်အတွင်း နိုင်ငံတကာဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ခြင်းဖြင့် အစ္စရေး၏ နယ်မြေချဲ့ထွင်ခြင်းအား အဆုံးသတ်ရန် နှင့် ဒေသတွင်း တရားမျှတ၍ ပြီးပြည့်စုံသော ငြိမ်းချမ်းရေးရရှိစေရေးလုပ်ဆောင်ရန် အရေးကြီးကြောင်းဖြင့် Abbas ကပြောကြားခဲ့သည်ဟု WAFA ကဖော်ပြခဲ့သည်။

Abbas က အစ္စရေး တို့၏လူနေရပ်ကွက်များ တည်ဆောက်မှုရပ်တန့်ရေး၊ ပါလက်စတိုင်းမြို့များနှင့်ကျေးရွာများအား ဝင်ရောက်စီးနင်းမှုများရပ်တန့်ရေး နှင့်အရှေ့ဂျေရုဆလင်တွင်ပါလက်စတိုင်းများ၏နေအိမ်များဖြိုဖျက်ခြင်းနှင့်အိုးအိမ်များအား ပယ်ဖျက်ခြင်းတို့ကိုရပ်တန့်ရေးမှာ မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြောင်း အလေးအနက်တိုက်တွန်းပြောကြားခဲ့သည်
နှစ်နိုင်ငံအကြား နှစ်ဘက်အပြန်အလှန် ယုံကြည်မှုတည်ဆောက်၍ ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံချင်းအဖြေရှားမှုကို ထောက်ခံအားပေးကြောင်း အစ္စရေးဝန်ကြီးနှစ်ဦးက၎င်းတို့၏ ရပ်တည်ချက်ကို Abbas အား ရှင်းပြခဲ့သည်။

၂၀၁၄ခုနှစ် မတ်လမှစ၍ နှစ်ဘက်တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်တန့်ခဲ့ပြီးနောက် လွန်ခဲ့သည့် သုံးလအတွင်းတွင် Abbas နှင့် အစ္စရေးဝန်ကြီးများ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစ္စရေး၏လူနေရပ်ကွက်များ တိုးချဲ့တည်ဆောက်ခြင်းနှင့်၁၉၆၇ ခုနှစ် နယ်နိမိတ်အရ ပါလက်စတိုင်းနိုင်ငံထူထောင်ခြင်းကို အသိအမှတ်ပြုခြင်းတို့နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အမေရိကန် က ကမကထပြုသော အစ္စရေးနှင့် ပါလက်စတိုင်းကြား ဆွေးနွေးပွဲများ ရပ်တန့်ခဲ့သည်။
ပါလက်စတိုင်းတို့က ၎င်းတို့ပိုင်နက်အဖြစ် ပြောကြားနေသော အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုဆလင်တို့ကို ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်း အစ္စရေးတို့ကသိမ်းပိုက်ခဲ့ပြီး နောက် ယခုတိုင် ထိန်းချုပ်မှုပြုခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(English Versiion)
Palestinian president, Israeli ministers discuss peace process: report

RAMALLAH, Oct. 3 (Xinhua) — Palestinian President Mahmoud Abbas on Sunday held talks with two Israeli ministers to discuss the peace process between the two sides in the West Bank city of Ramallah, the official Palestinian news agency WAFA reported.

During the meeting with Israeli Minister of Health Nitzan Horowitz and Minister of Regional Cooperation Issawi Frej, Abbas said that it is important to end the Israeli occupation and achieve just and comprehensive peace in the region, through the implementation of international resolutions, the WAFA reported.

Abbas stressed the necessity of halting Israeli settlement, stopping raids on Palestinian towns and villages, and ceasing homes demolition and displacement of the Palestinians in East Jerusalem.
The two Israeli ministers explained to Abbas their position, which supports the two-state solution and the joint cooperation to build confidence between the two sides.

Meetings between Abbas and Israeli ministers and officials have been taking place over the past three months as the bilateral direct peace negotiations had been stalled since March 2014.
The U.S.-sponsored talks between Israel and the Palestinians stopped in 2014 following disagreements on Israeli settlement and the recognition of establishing a Palestinian state on the 1967 border.
Israel occupied the West Bank and East Jerusalem, which are claimed by the Palestinians, in the 1967 Middle East war and has controlled them ever since. Enditem