Connect with us

Sport

တစ်နှစ်ကြာ ဆိုင်းငံ့ထားသည့် ပေကျင်းမာရသွန်အပြေးပြိုင်ပွဲ ယခုအောက်တိုဘာလတွင် ကျင်းပမည်

ပေကျင်း ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ပေကျင်းမာရသွန်အပြေးပြိုင်ပွဲအား ယခု အောက်တိုဘာလ ၃၁ ရက် နံနက် ၇ နာရီခွဲအချိန်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီက အောက်တိုဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။မာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ဦးရေ ၃၀,၀၀၀ ခန့် ရှိမည်ဖြစ်ကြောင်း ၊ ထျန်းအန်းမင်ရင်ပြင်မှ စတင်ကာ Olympic Forest Park ၌ အဆုံးသတ်မည် ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ မွေးမွားသော အသက် ၂၀ နှင့်အထက် ပေကျင်းမြို့၌ အမြဲတမ်းနေထိုင်သူသာ ယခုနှစ် လူထုယှဉ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီကြောင်း နှင့် ၎င်းတို့သည် အရည်အချင်းပြည့်မီရန် (အွန်လိုင်းမာရသွန်ရလဒ်များ မပါဝင်ဘဲ) ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်အထိ ၆ နာရီအတွင်း သို့မဟုတ် မာရသွန်ပြိုင်ပွဲတစ်ခု၏ တစ်ဝက် သုံးနာရီအတွင်း ခိုင်လုံသည့် မာရသွန် ရလဒ်များအား ပေးရန် လိုအပ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပခဲ့သည့် ၂၀၁၉ ပေကျင်းမာရသွန်အပြေးပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်သူများအား ထျန်းအန်းမင်ရင်ပြင်၌ တွေ့ရစဉ်(ဆင်ဟွာ)

အပြေးသမားများသည် ပြိုင်ပွဲမစမီ ၂၁ ရက်ကတည်းက ပေကျင်းမြို့၌ နေထိုင်ရန် လိုအပ်ပြီး ယင်းကာလအတွင်း အပြေးသမားများ၏ ကျန်းမာရေးအခြေအနေကို အွန်လိုင်းတွင် နေ့စဉ်ကြေညာရမည် ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ရန် အစိမ်းရောင် ကျန်းမာရေးကုဒ် ၊ ၇၂ နာရီအတွင်း nucleic acid စစ်ဆေးသည့် လက်မှတ် နှင့် ခိုင်လုံသည့် ကာကွယ်ဆေးထိုးနှံထားသည့် လက်မှတ်များ လိုအပ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီက ပြည်တွင်းလက်ရွေးစင်အားကစားသမားများအား ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မည် ဖြစ်ပြီး ၎င်းတို့သည် ပြိုင်ပွဲပြီးဆုံးသည်အထိ သီးသန့်စီမံခန့်ခွဲမှုအောက်တွင် ရှိမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ပေကျင်းမာရသွန်အပြေးပြိုင်ပွဲအား COVID-19 ကပ်ရောဂါကြောင့် ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(Chinese Version)
Beijing Marathon to be held in October after one-year suspension

BEIJING, Oct. 3 (Xinhua) — The Beijing Marathon will start at 7:30 on October 31, the organizing committee confirmed on Sunday.
About 30,000 participants will participate in the marathon, starting from the Tian’anmen Square and ending at the Olympic Forest Park. The closing time is 13:45.

Only permanent residents of Beijing who are 20 years and older (born before December 31, 2001) are eligible for this year’s mass competition, and they need to provide valid marathon results within six hours or half marathon ones within three hours from January 1, 2019 to September 23, 2021 (online marathon results excluded) to qualify.

Runners are required to stay in Beijing since 21 days before the competition date and declare their health status online every day during the period. Green health code, negative nucleic acid test certificate within 72 hours and valid vaccination certificate are necessary to take part in the race.

The organizing committee will also invite domestic elite athletes to compete, who will be under closed-loop management until the end of the competition.
In 2020, the Beijing Marathon was suspended due to the COVID-19 pandemic. Enditem

Photo 1 – Participants start at the Tiananmen Square during 2019 Beijing Marathon in Beijing, capital of China, Nov. 3, 2019. (Xinhua/Zhang Chenlin)
Photo 2 – Participants start at the Tiananmen Square during 2019 Beijing Marathon in Beijing, capital of China, Nov. 3, 2019. (Xinhua/Zhang Chenlin)