Connect with us

INTERNATIONAL ORGANIZATION

ပေါ်တူဂီနိုင်ငံ၌ ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်မှုအသစ် တွေ့ရှိ

လစ္စဘွန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်မှုအား ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်းတစ်သင်းနှင့် ဆက်စပ်လျက် တွေ့ရှိခဲ့ပြီး ယင်း ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာအား နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရှိအတည်ပြုခဲ့ကြောင်း သိရသည်။ယင်းလူနာသည် အားကစားသမားတစ်ဦးဖြစ်ပြီး တောင်အာဖရိကမှ ပြန်လာပြီးနောက် ၎င်းသည် ရောဂါပိုးကူးစက်ခံခဲ့ရသူ ၁၃ ဦးရှိခဲ့သည့် Belenenses SAD ဘောလုံးအသင်း ၏တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိကြောင်း၊ လစ္စဘွန်းမြို့၊ မြို့ပြဒေသရှိ Garcia de Orta ဆေးရုံ ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Luis Amaro ၏ ပြောကြားချက်အရ သိရသည်။

ဆေးရုံက ရောဂါပိုးကူးစက်ခံရသူများကို ကုသပေးသော ကျန်းမာရေးဝန်ထမ်းများ၊ အန္တရာယ်ရှိသော လူနာများနှင့် ပြုစုစောင့်ရှောက်ပေးသူများကြားတွင် ဖြစ်နိုင်ခြေရှိသော အဆက်အသွယ်ကွင်းဆက်များကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံ၌ COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အတည်ပြုလူနာစုစုပေါင်း ၁,၁၄၇,၂၄၉ ဦး ၊ သေဆုံးသူ စုစုပေါင်း ၁၈,၄၄၁ ဦး ရှိကြောင်း ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
Portugal detects new case of Omicron variant

LISBON, Nov. 30 (Xinhua) — Portugal registered a new case of the COVID-19 Omicron variant on Tuesday, which has been linked with a football team where the country’s first batch of infections with the new variant were detected.

The patient had contact with the personnel of the Belenenses SAD football club, which had already identified 13 infected people after an athlete returned from South Africa, according to Luis Amaro, president of the Board of Directors of Hospital Garcia de Orta in the metropolitan region of Lisbon.

The hospital also identified possible contacts of risk among health professionals who treated the infected, as well as exposed risk patients and caregivers.
Portugal has registered 1,147,249 cases of infection and 18,441 deaths from COVID-19 since the start of the pandemic, according to data from the Health Directorate. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.