Connect with us

Asia

ပျောက်ဆုံးသွားသည့် ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း ၅ ခု ဗြိတိန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိ

ဖနွမ်းပင် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကွယ်လွန်သွားပြီဖြစ်သည့် ရှေးဟောင်းပစ္စည်းစုဆောင်းသူ Douglas Latchford ၏ မိသားစုက ပြန်လည် လွှဲပြောင်းပေးအပ်သော ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း ၅ ခုသည် ဗြိတိန်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။“ကနဦးအဆင့်မှာ ကမ္ဘောဒီးယားလက်ရာ ၅ ခုက စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အမိမြေကမ္ဘောဒီးယားနိုင်ငံကို ဗြိတိန်နိုင်ငံကနေ ပြန်လည်ရောက်ရှိခဲ့ပါတယ်။”ဟု ယဉ်ကျေးမှု နှင့် အနုပညာ ဝန်ကြီးဌာန အတွင်းဝန် နှင့် ပြောရေးဆိုခွင့်ရှိသူ Hab Touch က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အမျိုးသားပြတိုက်၌ စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘောဒီးယား ရှေးဟောင်းရုပ်တုများ ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်(Cambodian Ministry of Culture and Fine Arts/Handout via Xinhua)

ပြန်လည်ရောက်ရှိလာသော ရှေးဟောင်းပစ္စည်း ၅ ခုတွင် Shiva နှင့် Skanda တို့၏ ကျောက်ဆစ်ရုပ်တစ်ရုပ် ၊ ယောက်ျားတစ်ပိုင်းနှင့်မိန်းမတစ်ပိုင်း ပုံ နတ်ဘုရားရုပ်တစ်ရုပ် ၊ ယောက်ျားနတ်ဘုရားရုပ်တစ်ရုပ် ၊ Prajnaparamita ရုပ်တုတစ်ခု နှင့် ကြေးသတ္တုဖြင့် ပြုလုပ်ထားသော သင်္ဘောဦးတစ်ခုတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ရုပ်တု၅ ခုကို အခု ဖနွမ်းပင်မြို့က အမျိုးသားပြတိုက်မှာ လုံလုံခြုံခြုံ သိမ်းထားပါတယ်။”ဟု Touch က ပြောကြားခဲ့သည်။

ယင်းရှေးဟောင်းပစ္စည်းများအား ပညာရှင်များက တန်ဖိုးဖြတ်ခြင်း ၊ သန့်ရှင်းခြင်း နှင့် ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည့်အပြင် သင့်တော်သည့်အချိန်တွင် တရားဝင်လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ရန် ၎င်းရှေးဟောင်းပစ္စည်းများအတွက် လိုအပ်သည့် အောက်ခံခုံများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ရှေးဟောင်းပစ္စည်း ၅ ခုသည် ကမ္ဘောဒီးယားကျောက်တုံး နှင့် ကြေးသတ္တုများဖြင့် ပြုလုပ်ထားသော ပျောက်ဆုံးရှေးဟောင်းပစ္စည်း ၁၀၀ ကျော်ထဲက ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်တွင် သဘောတူညီချက် ရရှိပြီးနောက် Latchford မိသားစုက ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှု နှင့် အနုပညာ ဝန်ကြီးဌာနထံမှ သိရသည်။

Latchford မိသားစုသည် သုံးနှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးနောက် ၎င်းတို့ စုဆောင်းထားသည့် အံ့မခန်းသော ရှေ့ဟောင်း ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းများအားလုံးကို အမိမြေသို့ ပြန် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းယဉ်ကျေးမှုအမွေအနှစ်များသည် ၆ ရာစုခေတ်မှ အန်ကောဝတ်ခေတ်လွန်ကာလအထိ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကျန်ရှိနေသေးသည့် ရှေးဟောင်းပစ္စည်းများသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း Touch က ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(English Version)
5 lost Cambodian artifacts returned to Cambodia from Britain

PHNOM PENH, Sept. 30 (Xinhua) — Five lost Cambodian artifacts, handed over by the family of the late antique collector Douglas Latchford, have been returned to Cambodia from Britain, a Cambodian spokesman said on Thursday.

“In the initial stage, five Cambodian masterpieces were returned from the United Kingdom to their homeland Cambodia on Wednesday evening,” Culture and Fine Arts Ministry’s secretary of state and spokesman Hab Touch told Xinhua.

The five returned artifacts included a stone sculpture of Shiva and Skanda, a half male and half female deity, a male deity, a Prajnaparamita statue, and a bronze boat prow, he said.
“The five statues are now safely stored at the National Museum in Phnom Penh,” Touch said.

He added that experts will evaluate, clean, and repair those antiquities as well as install necessary pedestals for them in preparation for an official handover ceremony at an appropriate time.
According to the Ministry of Culture and Fine Arts, the five artifacts are among a total of over 100 lost Cambodian stone and bronze antiquities that the family of Latchford agreed to return to Cambodia following an agreement reached on Sept. 18, 2020.

The family of Latchford decided to give his entire extraordinary collection of Cambodian antiquities back to the Southeast Asian nation after three years of negotiations.
Those cultural objects date back as far as the sixth century to the post-Angkor period, the ministry said.

Touch said the remaining antiquities will arrive in Cambodia in different stages. Enditem

Photo 1 – Photo taken on Sept. 29, 2021 shows Cambodian ancient statues which have just been recovered at the National Museum in Phnom Penh, Cambodia. (Cambodian Ministry of Culture and Fine Arts/Handout via Xinhua)
Photo 2 – Photo taken on Sept. 29, 2021 shows a Cambodian ancient statue which has just been recovered at the National Museum in Phnom Penh, Cambodia. (Cambodian Ministry of Culture and Fine Arts/Handout via Xinhua)