Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကြောင့် အိန္ဒိယနှင့် အခြားနိုင်ငံ ၉ နိုင်ငံအပေါ် ခရီးသွားတားမြစ်ချက် သက်တမ်းတိုး

မနီလာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတစ်ဝန်း ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်လာသဖြင့် အိန္ဒိယနှင့် အခြားနိုင်ငံ ၉ နိုင်ငံမှ ခရီးသွားများအားလုံးအတွက် ခရီးသွားတားမြစ်ချက်ကို ဩဂုတ် ၃၁ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က ဩဂုတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။ဒယ်လ်တာ ဗိုင်းရပ်စ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ပျံ့နှံ့လျက်ရှိကြောင်း၊ သေဆုံးသူ ၁၁ ဦး အပါအဝင် ရောဂါဖြစ်ပွားသူ ၆၂၇ ဦးရှိကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံက ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိခဲ့သော အိန္ဒိယနိုင်ငံအပြင် ၎င်းဗိုင်းရပ်စ် ပျံ့နှံ့လျက်ရှိသော မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိုမန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုမှ ခရီးသွားများကိုလည်း တားမြစ်ထားသည်။

သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံက ပြန်လည်လက်ခံရေးအစီအစဉ်အရ ပြည်ပမှ ဖိလစ်ပိုင်နိုင်ငံသားများ ပြန်လည်ရောက်ရှိလာခြင်းကို ခွင့်ပြုထားသော်လည်း ၎င်းတို့သည် နိုင်ငံသို့ ရောက်ရှိပြီး ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကူးစက်မှုမြန်ဆန်သော ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါကူးစက်မှု မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး အစိုးရက မက်ထရို မနီလာနှင့် အခြားဒေသများ၌ တင်းကြပ်သော လော့ခ်ဒေါင်း (lockdown) ပြန်လည်သတ်မှတ်ရေး ဆောင်ရွက်လျက်ရှိသည်။ယခုအခါ ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးသူ ၂၉,၅၃၉ ဦး အပါအဝင် COVID-19 ရောဂါ အတည်ပြုလူနာ ၁.၇ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

—————————————————
(English Version)

Philippines extends travel ban on India, 9 other countries as Delta variant spreads

MANILA, Aug. 13 (Xinhua) — The Philippines has extended its travel ban for all inbound travelers from India and nine other countries to Aug. 31 as Delta variant cases rise across the country, presidential spokesperson Harry Roque said on Friday.

The Delta variant has spread in the Philippines, where 627 cases have been reported, including 11 deaths.Aside from India where the Delta variant was first detected, the Philippines also banned travelers from Malaysia, Thailand, Indonesia, Pakistan, Nepal, Bangladesh, Sri Lanka, Oman, and the United Arab Emirates, where the variant has spread.

However, the country allows returning overseas Filipino workers under its repatriation program, but they will be isolated for 14 days upon the arrival.

The Philippines is grappling with soaring COVID-19 infections fueled by the highly transmissible Delta variant, prompting the government to reimpose a hard lockdown in Metro Manila and other regions.

The Philippines now has more than 1.7 million confirmed COVID-19 cases, including 29,539 deaths. Enditem
Photo: Passengers wearing protective suits walk at the Terminal 1 of the Ninoy Aquino International Airport in Manila, the Philippines, on March 17, 2021. (Xinhua/Rouelle Umali)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.