Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ရိုင် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ကမ်းရိုးတန်းကျေးရွာနေထိုင်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်း

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး နေအိမ်များ ရေဖုံးလွှမ်းနေသည်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Phillippine Presidential Palace/Handout via Xinhua)

မနီလာ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်ငံနိုင်ငံတွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ရိုင် (Rai) ချဉ်းကပ်လာသဖြင့် နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကမ်းရိုးတန်းကျေးရွာများ၌ နေထိုင်သူများအား ဒီဇင်ဘာ ၁၅ ရက်က ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းကြရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ Southern Leyte ပြည်နယ်ရှိ ကမ်းရိုးတန်းဧရိယာများရှိ ကျေးရွာနေထိုင်သူမျာအား ရေကြီးရေလျှံမှုအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တစ်အိမ်တက်ဆင်း သွားရောက်ပြောဆိုနေသည်ကို ဒေသတွင်းမီဒီယာက ပြသထားသည်။

ခရီးသည်၊ ယာဉ်မောင်း၊ ကူညီသူ ၂,၀၀၀ ကျော်၊ ရွက်လွှင့်နေသော ကုန်တင်သင်္ဘော ၁,၀၀၀ စင်း၊ သင်္ဘော ၆၀ စင်းနှင့် မော်တော်ဘုတ် ၁၈ စင်းတို့လည်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Bicol ဒေသနှင့် အရှေ့မြောက်ပိုင်း မင်ဒါနာအိုကျွန်းတို့တွင် သောင်တင်နေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ရိုင်သည် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင် လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ္တဗေဒဆိုင်ရာလုပ်ငန်းဦးစီးဌာနက သတိပေးထားသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် ညနေ ၄ နာရီက Surigao del Sur ပြည်နယ် အရှေ့ပိုင်း ၄၈၅ ကီလိုမီတာတွင် ဝင်ရောက်ခဲ့ကြောင်း ပြည်နယ် မိုးလေဝသဗျူရိုက ပြောကြားခဲ့သည်။

ယင်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဦးတည်လျက် တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၀ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်မှုမှာမူ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာအထိ ရှိကြောင်း၊ ဗျူရိုအနေဖြင့် တိုက်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းပေါ်ရှိ နေရာများ၌ သတိပေးချက်များ ကြေညာထားကြောင်း သိရသည်။

ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ၁၅ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ရိုင်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတွင် Caraga သို့မဟုတ် Eastern Visayas အနီးဝန်းကျင်တွင် ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗျူရိုက ဆိုသည်။

မုန်တိုင်းမဝင်ရောက်မီ နောက်ထပ် ပြင်းထန်မှုလည်း ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထာကြောင်း ဗျူရိုက ဖြည့်စွက်ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးကွင်း (Pacific Ring of Fire) ဟုခေါ်ဆိုသော နေရာတွင် တည်ရှိသော ဖိလစ်ပိုင်နိုင်ငံသည် မီးတောင်ရှင်များ၊ ငလျင်မကြာခဏလှုပ်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်စေသော တိုင်ဖွန်းမုန်တိုင်းများ တစ်နှစ်လျှင် ပျမ်းမျှ အလုံး ၂၀ ခန့် အပါအဝင် ကမ္ဘာပေါ်တွင် သဘာဝဘေးဒဏ် ခံစားရဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် (Haiyan) နှင့် ၂၀၂၀ ပြည့်နှစ်က Taal မီးတောင်ပေါက်ကွဲခြင်း အပါအဝင် မကြာသေးမီနှစ်များက အဓိက သဘာဝဘေးအန္တရာယ်များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
Philippines evacuates coastal villagers as Typhoon Rai nears
Source: Xinhua| 2021-12-15 22:25:27|Editor: huaxia
MANILA, Dec. 15 (Xinhua) — The Philippines on Wednesday began evacuating people in coastal villages in central and southern Philippines as a strong typhoon Rai approached.
Local media showed officials go house to house to ask villagers from coastal areas in Southern Leyte province in the central Philippines to move to safer grounds due to the threat of flash floods.
The Philippine Coast Guard (PCG) said more than 2,000 passengers, drivers, and helpers, more than 1,000 rolling cargoes, 60 vessels and 18 motorboats are stranded in the central Philippine, Bicol region, and northeastern Mindanao.
The Philippine Atmospheric, Geophysical and Astronomical Services Administration (PAGASA) warned that Typhoon Rai could bring strong winds and heavy rains. The state weather bureau said that at 4:00 p.m. local time, the typhoon was spotted 485 km east of Surigao del Sur province.
The bureau said the storm was blowing northwestward 25 km per hour, packing 130 km per hour winds and gusts of up to 160 km per hour. Already, the bureau raised warning signals in several areas on the typhoon’s path.
The bureau said Typhoon Rai, the 15th tropical cyclone to lash the country this year, is forecast to make landfall in the vicinity of Caraga or Eastern Visayas Thursday afternoon or evening.
Further intensification is expected before making landfall, the bureau added.
Located in the “Pacific Ring of Fire”, the Philippines is among the most disaster-prone countries globally, including active volcanoes, frequent earthquakes, and an average of 20 typhoons a year causing floods and landslides.
In recent years, the Philippines has been hit by several major disasters, including Super Typhoon Haiyan in 2013 and the Taal volcano eruption in January 2020. Enditem
Aerial photo taken on Nov. 12, 2020 shows houses submerged in flood brought by typhoon Vamco in Manila, the Philippines. (Phillippine Presidential Palace/Handout via Xinhua)