Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူရန် အတည်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing Biological Products Institute ကုမ္ပဏီ၏ ထုတ်ပိုး စက်ရုံတစ်ရုံ၌ ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး ထုတ်ပိုးမှု အရည်အသွေးအား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ဒါကာ ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးများ ဝယ်ယူရန် အတည်ပြုခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ ကော်မတီက မေ ၁၉ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဝယ်ယူခြင်းကို အတည်ပြုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေးများ မေ ၁၂ ရက်တွင် ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် China National Pharmaceutical Group (Sinopharm) မှ ကာကွယ်ဆေးများ ဝယ်ယူသွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ မှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သူ Shahida Akhtar က အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ အတည်ပြုချက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinopharm COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား လက်ခံရရှိခဲ့ပြီးနောက် ရက်သတ္တပတ်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Li Jiming သည် ပြီးခဲ့သော မေ ၁၂ ရက်က ဒါကာမြို့ရှိ Padma နိုင်ငံတော် ဧည့်ဂေဟာ၌ ပြုလုပ်သည့် အခမ်းအနားတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen နှင့် ကျန်းမာရေးဝန်ကြီး Zahid Maleque ထံသို့ ကာကွယ်ဆေးများကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinopharm COVID-19 ကာကွယ်ဆေးများအား လာမည့်အပတ်မှ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကူးစက်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများအား မေ ၂၅ ရက် သို့မဟုတ် ၂၆ ရက်မှ စတင်၍ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက မေ ၁၇ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ အကျပ်အတည်းအား ဖြေရှင်းရန် ကာကွယ်ဆေးတင်ပို့မှုကို ရပ်တန့်ခဲ့ပြီးနောက် ဧပြီ ၂၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုကို ဆိုင်းငံ့ခဲ့ရသည်။

နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆေးဝါးကြီးကြပ်ရေး အဖွဲ့အစည်းက Sinopharm ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုထိ နိုင်ငံအနှံ့ ဖြစ်ပွားနေသော ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် COVID-19 ကာကွယ်ရေး ထိုးနှံရေး လှုပ်ရှားမှုကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၅ ဒသမ ၈၂ သန်း ရှိကြောင်း သိရသည်။
မေ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 လူနာသစ် ၁,၆၀၈ ဦး နှင့် သေဆုံးသူ ၄၇ ဦး ရှိပြီး စုစုပေါင်း လူနာဦးရေ ၇၈၃,၇၃၇ ဦးထိ ရှိလာပြီး သေဆုံးသူပေါင်း ၁၂,၂၄၈ ဦးထိ ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုများ အထွေထွေဦးစီးဌာနထံမှ သိရသည်။ (Xinhua)

————————————
(English Version)
Bangladesh approves purchase of COVID-19 vaccines from China
DHAKA, May 20 (Xinhua) — The Bangladeshi government has approved the purchase of COVID-19 vaccines from China.
Bangladesh’s Cabinet Committee on Economic Affairs, the highest body to deal with economic issues, in a meeting approved the purchase on Wednesday.
Shahida Akhtar, a senior Cabinet Division official, told journalists after the meeting that Bangladesh will buy vaccines from China National Pharmaceutical Group (Sinopharm).
The approval came a week after Bangladesh received a batch of Sinopharm COVID-19 vaccine donated by China.
Chinese Ambassador to Bangladesh Li Jiming formally handed over the vaccines to Bangladeshi Foreign Minister AK Abdul Momen and Health Minister Zahid Maleque at a ceremony at the State Guest House Padma in Dhaka on last Wednesday.
The Bangladeshi government has already announced that it will start administering from next week Sinopharm COVID-19 vaccine donated by China.
The health minister made the announcement at press conference Monday, saying “health professionals on the frontline of the fight against the pandemic will receive the doses beginning May 25 or 26.”
Bangladesh suspended administering the first dose of the vaccine on April 26 after India halted export to tackle its own crisis.
Subsequently the country’s drug regulator authorized emergency use of the Sinopharm vaccines.
Bangladesh kicked off the COVID-19 vaccination drive on Jan. 28 to rein in the pandemic that has so far spread across the country.
A total of 5.82 million people in Bangladesh have so far received the first dose of the vaccine.
On Wednesday, the country’s Directorate General of Health Services reported 1,608 new cases of COVID-19 and 37 new deaths, bringing the number of total cases to 783,737 and the total death toll to 12,248. ■