Connect with us

Asia

ဘင်္ဂလားဒေ့ရှ် ပြည်သူများ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် ၈ စင်းမြောက် တရုတ်ချစ်ကြည်ရေးတံတား တည်ဆောက်လျက်ရှိ

ဒါကာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ချစ်ကြည်ရေးတံတား ၇ စင်း တည်ဆောက်ပြီးစီးခဲ့ကြောင်းနှင့် ယခုအခါ ၈ စင်းမြောက်တံတားအား ဒါကာမြို့တော်မှ အနောက်တောင်ဘက် ၁၈၅ ကီလိုမီတာအကွာ၊ Pirojpur ခရိုင်ရှိ Kocha မြစ်အား ဖြတ်ကျော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ယခုအခါ မြစ်တစ်ဖက်ခြမ်းသို့ သင်္ဘောများ၊ လှေများ အသုံးပြုကာ သွားလာလျက်ရှိသော ဒေသခံများအနေဖြင့် တံတားပြီးစီးသွားပါက ကြီးမားသော အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း မြစ်အားဖြတ်ကူးရန် မိနစ်အနည်းငယ်သာ အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Pirojpur ခရိုင်တွင် တည်ဆောက်နေသော ၈ စင်းမြောက် ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးတံတားအား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Railway 17th Bureau Group ကုမ္ပဏီလီမိတက်က China Railway Major Bridge Reconnaissance & Design Institute ကုမ္ပဏီလီမိတက်၏ စီမံခန့်ခွဲမှုအရ အဆိုပါ တံတားအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်မတိုင်မီ ၈ စင်းမြောက် ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးတံတား စီမံကိန်းမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း၊ လာမည့်နှစ် ဇွန်လတွင် တံတားတည်ဆောက်မှု ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Pirojpur ခရိုင်တွင် တည်ဆောက်နေသော ၈ စင်းမြောက် ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးတံတားအား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုအခါ အဆိုပါ စီမံကိန်းသည် ဆိုးဝါးသည့် ကပ်ရောဂါ အခြေအနေတွင် လိုက်လျောညီထွေ တည်ဆောက်နိုင်ရန် သီးခြားဆောင်ရွက်ချက်များဖြင့် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တည်ဆောက်ရေး ဆောင်ရွက်ချက်များအားလုံးသည်လည်း ယခုအခါ ပုံမှန်အတိုင်း ရှေ့ဆက်လျက်ရှိကြောင်းနှင့် အင်ဂျင်နီယာလုပ်ငန်းမှာလည်း ကပ်ရောဂါ အကြောင်းပြချက်များကြောင့် ရပ်ဆိုင်းထားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လမ်းမများနှင့် အဝေးပြေးဌာန အင်ဂျင်နီယာချုပ် Md Abdus Sabur နှင့် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော စစ်ဆေးရေးအဖွဲ့ကလည်း တံတားတည်ဆောက်ရေး အခြေအနေ စစ်ဆေးရန် တံတားဆီသို့ အထူးခရီးပြုထွက်ခွာလျက်ရှိသည်။

အဆိုပါ ခရီးစဉ်အတွင်း ဘေးကင်း၍ အရည်အသွေးရှိသော အင်ဂျင်နီယာလုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းခွင်တွင် ကပ်ရောဂါကာကွယ်မှု အကဲဖြတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းတံတားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ Barisal နှင့် Khulna တိုင်းများရှိ ပြည်သူများနှင့် ကုန်စည်များ ရွှေ့ပြောင်းမှု မြှင့်တင်ရေးတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Md Sukker Ali ဆိုသူသည် ၈ စင်းမြောက် ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးတံတား တည်ဆောက်ရေး ဂိတ်တံခါးအနီး ဈေးဆိုင်ဖွင့်ထားသူဖြစ်သည်။ တံတားတည်ဆောက်ရေး စီမံကိန်းတွင် အလုပ်လုပ်နေကြသော အလုပ်သမားများစွာသည် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ၎င်း၏ဆိုင်သို့ နေ့စဉ်လာရောက်လေ့ရှိသည်ဟု ဆိုသည်။

“အရင်က ကျွန်တော်က ငါးဖမ်းသမားတစ်ယောက်ပါ။ အခုတော့ ကျွန်တော် ဒီလုပ်ငန်းခွင်အနီးမှာ စီးပွားရေးကို အဓိကလုပ်နေပြီး ဝင်ငွေကောင်းကောင်းလည်း ရနေပါပြီ။ တရုတ်နိုင်ငံ အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်တော်တို့ ဘဝတွေ ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရရှိလာပါပြီ” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

—————————————————-
(English Verion)

8th Chinese friendship bridge to make Bangladeshi people’s transportation easier

DHAKA, July 7 (Xinhua) — As many as seven friendship bridges have already been completed across Bangladesh under Chinese grants. And the eighth one is now under construction over Kocha River in Pirojpur district, 185 km southwest of Dhaka.

Local residents, who now use ferry and boat to go to the other side of the river, will be immensely benefited upon completion of the bridge, making it only a few minutes to cross the river.
China Railway 17th Bureau Group Co., Ltd is constructing the bridge under the management of China Railway Major Bridge Reconnaissance & Design Institute Co., Ltd.
By June 30, 2021, the eighth Bangladesh-China Friendship Bridge Project has completed 80 percent. The bridge is expected to be completed in June next year.

The project is now being fully implemented with isolation measures to deal with the severe pandemic situation. So far, no case of infection has occurred at the site.
All construction activities are proceeding normally now and the engineering work has not been suspended due to epidemic reasons.

Md Abdus Sabur, chief engineer of the Roads and Highway Division in Bangladesh, and a 15-person inspection team have recently made a special trip to the bridge to check its construction situation.
During the visit, Sabur gave high evaluation to the safety, quality, engineering progress and epidemic prevention on the project site.

Officials said the bridge will play an important role in accelerating the movement of people and goods in Barisal and Khulna divisions in southern Bangladesh.
Md Sukker Ali has a shop near the gate of the eighth Bangladesh-China Friendship Bridge site. Many workers of the bridge project regularly come to his shop everyday to buy essentials. “Previously I was a fisherman. Now I mainly do business around the site here and I could get a good income,” he said, “Thanks to the cooperation of the Chinese government and the Bangladeshi government, it brings better changes to our lives.” ■
1- 3 – Photo taken on June 26, 2021 shows the eighth Bangladesh-China Friendship Bridge under construction in Pirojpur, Bangldesh. (Xinhua)