Connect with us

COVID-19 UPDATES

ဘရာဇီးနိုင်ငံရှိ ဆေးရုံတစ်ရုံတွင် COVID-19 လူနာထားသည့်နေရာ၌ မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံးလူ ၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံ ဘရာစေးလေးယားမြို့တွင် COVID-19 လူနာတစ်ဦးအား ပြောင်းရွှေ့ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆောပိုလို၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Sergipe ပြည်နယ် Aracaju မြို့ရှိ ပြည်သူ့ဆေးရုံတစ်ရုံ၌ မေ ၂၈ ရက်တွင် COVID-19 လူနာများထားရှိရာနေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များကပြောကြားခဲ့သည်။

Aracaju မြို့ရှိ Doctor Nestor Piva မြောက်ပိုင်း မြူနီစီပယ်ဆေးရုံတွင် မေ ၂၈ ရက်နံနက်ပိုင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြူနီစီပယ်ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။

အမျိုးသမီးတစ်ဦးအား ပြောင်းရွှေ့ပေးနေစဥ် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား ၃ ဦးလည်းသေဆုံးခဲ့ကြောင်း၊ အောက်ဆီဂျင်ပေးထားရသည့် လူနာအချို့အပါအဝင် လူနာ ၃၅ ဦး အား အခြားဒေသရှိ ကျန်းမာရေးစင်တာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

နံနက် ၆း၃၀ နာရီ တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မိနစ် ၃၀ အကြာတွင်ထိန်းချုပ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မီးသတ်ဗိုလ် Fabiano Queiroz က ဒေသခံမီဒီယာသို့ပြောကြားခဲ့သည်။

ယင်းမီးလောင်ကျွမ်းမှုသည် COVID-19 လူနာထားရှိရာနေရာရှိ လေအေးပေးစက်ဆားကစ်မှ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
At least 4 people killed in fire in COVID-19 area in Brazilian hospital
SAO PAULO, May 28 (Xinhua) — At least four people died on Friday when a fire broke out in a COVID-19 patient area at a public hospital in the city of Aracaju, capital of the Brazilian state of Sergipe, local authorities said.
The fire occurred on Friday morning in the Doctor Nestor Piva North Zone Municipal Hospital in Aracaju, according to reports from the municipal health ministry.
A woman who was being transferred died at the scene, as well as three other people, while 35 patients, some on oxygen, had to be transferred to other area medical centers.
Fire Department spokesperson Lieutenant Fabiano Queiroz told local media that the fire started at about 6:30 a.m. and was brought under control about 30 minutes later.
The fire may have originated in the air conditioning circuit of the COVID-19 area, according to witnesses. Enditem
Photo- COVID-19 patient is transferred in Brasilia, Brazil, on March 25, 2021. (Photo by Lucio Tavora/Xinhua)