Connect with us

North America

ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ကြီးကြီးမားမားပြောင်းလဲမှုရှိမည်ဟု မျှော်လင့်မထားကြောင်း ပူတင်ပြောကြား

ရုရှားသမ္မတပူတင်အား မော်စကို သမ္မတအိမ်တော်တွင် ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

လက်ရှိ ရုရှားနှင့်အမေရိကန်ဆက်ဆံရေးသည် နိမ့်ပါးသည့်အဆင့်တွင် ရှိကြောင်း ၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ကျင်းပတော့မည် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် မည်သည့် ကြီးကြီးမားမား ပြောင်းလဲမှုရလဒ်ထွက်လာမည်ဟု မမျှော်လင့်ထားကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၄ ရက်၌ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ပူတင်က နှစ်ဖက်ဆက်ဆံရေး၊ စစ်အင်အားလျှော့ချရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိ ရုရှား-အမေရိကန် ဆက်ဆံရေးသည် နိမ့်ပါးသည့်အဆင့်တွင်ရှိပြီး ရုရှားဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးမည်ဟု အမေရိကန်က ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောကြားထားကြောင်း ပူတင်က ဆိုသည်။ ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးအတွက် မည်သည့် ကြီးကြီးမားမား ပြောင်းလဲမှုမျိုးရှိလာရန် မမျှော်လင့်ထားကြောင်း ၊ သို့သော်လည်း ဆွေးနွေးပွဲကို အပြုသဘောဆောင်ကျင်းပသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုမတိုင်မီ Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်ခံရမှုအပေါ် ပူတင်က ထိုလုပ်ရပ်သည် ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းခြင်းဖြစ်ပြီး ရုရှားကို စွပ်စွဲခြင်းက အဓိပ္ပါယ်မဲ့သည်ဟု ဆိုသည်။

ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများအတွက် ရုရှားတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုများ လုပ်မည်လားဟု မေးမြန်သည့်အပေါ် ရုရှားက ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံ၏ ရန်လိုမှုမရှိသည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပူတင်က ပြောကြားခဲ့သည်။ ယခုကျင်းပသည့် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ကို အမေရိကန် ကိုယ်စားလှယ် (၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း ၊ ၎င်းမှာ ရုရှားဈေးကွက်ကို မဆုံးရှုံးရန် အမေရိကန်၏ ကြိုးပမ်းမှုဖြစ်သည်ကို ဖော်ပြကြောင်း ဆိုသည်။

Nord Stream 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အချို့အစိတ်အပိုင်းများ ခင်းကျင်းတည်ဆောက်မှုလုပ်ငန်းများသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၊ ရုရှား Gazprom ကုမ္ပဏီက သဘာဝဓါတ်ငွေ့ပံ့ပိုးပေးရန် အသင့်ပြင်ထားကြောင်း ယင်းနေ့တွင် ပူတင်က ကြေညာခဲ့သည်။ ရုရှားက ဥရောပမိတ်ဖက်များနှင့် ယခုလိုစီမံကိန်းမျိုး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ဇွန် ၂ ရက်မှ ၅ ရက်အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံအသီးသီးမှ နိုင်ငံရေး စီးပွားရေးကဏ္ဍမှပုဂ္ဂိုလ်များ (၄)ရက်ကြာ ဆွေးနွေးပွဲဖိုရန်ကို တက်ရောက်၍ ကပ်ရောဂါကာလ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-ရုရှားဆက်ဆံရေးသည် ယခုနှစ်များတွင် ဆက်တိုက် တင်းမာခဲ့သည်။ ဘိုင်ဒန်အစိုးရ အာဏာရပြီးနောက် ရုရှား-အမေရိကန် စစ်လက်နက်ထိန်းချုပ်ရေးကဏ္ဍတွင် အကန့်အသတ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သော်လည်း ယူကရိန်းအရေးကိစ္စ၊ ဆိုက်ဘာလုံခြုံရေး၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုစသည့် ပြဿနာများတွင် ကွဲလွဲမှုများ ပေါ်လွင်လာခဲ့ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ပြင်းထန်လာခဲ့သည်။ ဧပြီ ၁၅ ရက်တွင် ရုရှားက ဆိုက်ဘာတိုက်ခိုက်မှု၊ အမေရိကန်ရွေးကောက်ပွဲစွက်ဖက်မှုစသည့် ဆိုးဝါးသည့်လုပ်ရပ် လုပ်ဆောင်သည်ဟုဆိုကာ အမေရိကန်အစိုးရက ရုရှားအပေါ် ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး ရုရှားသံတမန်(၁၀)ဦးကို နှင်ထုတ်ခဲ့သည်။ မေ ၁၄ ရက်တွင် ရုရှားအစိုးရက အမေရိကန်ကို ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံစာရင်းသို့ ထည့်သွင်းကြောင်း ကြေညာခဲ့သည်။

ပူတင်နှင့်ဘိုင်ဒန်သည် ဇွန် ၁၆ ရက်တွင် ဂျီနီဗာ၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————-
(Chinese Version)
(国际)普京表示不期待与拜登的日内瓦会晤有任何突破
2021-06-05 07:32:42
新华社圣彼得堡6月4日电(记者鲁金博)俄罗斯总统普京4日在参加圣彼得堡国际经济论坛时表示,俄罗斯与美国关系目前处于低水平,他不期待与美国总统拜登即将在瑞士日内瓦举行的会晤有任何突破。
普京当天在谈到即将与拜登举行的会晤时说,双方将就双边关系、裁军、反恐、抗击新冠疫情以及环境等议题进行讨论。普京表示,俄美关系目前处于低水平,美国公开表示要遏制俄罗斯的发展。他不期待与拜登的会晤能对俄美关系有任何突破,但希望会晤以积极方式进行。
对于此前美国科洛尼尔管道运输公司遭黑客攻击等事件,普京表示,有人试图在俄美总统会晤前挑起冲突,指控这是俄罗斯所为是荒谬的。
普京在回答是否会吸引“不友好国家”对俄投资的问题时表示,俄罗斯将与“不友好国家”中不敌对的公司合作。他说,约200名美国代表参加了本届圣彼得堡国际经济论坛,这说明美国在努力确保不失去俄罗斯市场。
普京当天还宣布,“北溪-2”天然气管道项目已完成部分铺设工作,俄罗斯天然气工业股份公司已做好部分供气准备。他表示,俄罗斯将继续与欧洲伙伴开展此类项目。
2021年圣彼得堡国际经济论坛2日至5日在俄罗斯圣彼得堡市举行,各国政商人士在4天的会期内讨论疫情期间世界经济发展问题。
美俄关系近年来持续紧张。拜登政府上台以来,俄美在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。4月15日,美国政府以俄罗斯进行网络袭击、干预美国选举等“恶意活动”为由,宣布对俄实施大规模制裁并驱逐10名俄外交人员。5月14日,俄罗斯政府宣布将美国列入对俄“不友好国家”名单。
普京和拜登将于6月16日在日内瓦举行会晤。(完)

新华社照片,莫斯科,2020年5月22日 在位于俄罗斯莫斯科州的新奥加廖沃总统官邸,俄总统普京主持防控新冠疫情相关会议。 新华社/卫星社