Connect with us

Africa & Middle East

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် သင်္ဘောနစ်မြုပ်မှုကြောင့် အနည်းဆုံးလူ ၁၉ ဦးသေဆုံး

တန်ဂန်ရီကာအိုင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကင်ရှာဆာ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တန်ဂန်ရီကာအိုင်၌ ဇွန် ၂ ရက်မှ ဇွန် ၃ ရက်သို့အကူး ညပိုင်းအချိန်တွင် သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၉ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူကပြောသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း၊ တောင် Kivu ပြည်နယ်၊ Uvira မြို့ရှိ အဆိုပါရေအိုင်၏ အစိတ်အပိုင်းတစ်နေရာ၌ ယင်းဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူထံမှ သိရသည်။

တန်ဂန်ရီကာအိုင် အတွင်းမှ သေဆုံးသူ ၁၉ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး လူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကြောင်း Uvira ရှိ ရေအိုင်ဆိုင်ရာ ကော်မရှင်နာ Mboko Ramazani ၏ ယာယီဆန်းစစ်မှုအရ သိရသည်။ လူ ၁၁ ဦးအား တံငါသည်များမှ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

“အခြားရုပ်အလောင်းများအား ရှာဖွေနေဆဲဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်အရေအတွက် အတိအကျကို သိနိုင်တဲ့စာရွက်စာတမ်းစာရင်းမရှိလို့ သေဆုံးသူဦးရေ တိုးလာနိုင်ပါတယ်’’ ဟု ၎င်းကဆိုသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ယင်းဖြစ်ရပ်ဆိုး ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
At least 19 killed in shipwreck in eastern DRC
KINSHASA, June 3 (Xinhua) — At least 19 people were killed in a shipwreck overnight from Wednesday to Thursday on Lake Tanganyika, official said.
The tragedy took place in the part of the lake in Uvira of the South Kivu province in eastern Democratic Republic of the Congo (DRC), according to a local official.
According to a provisional assessment provided by Mboko Ramazani, Uvira’s lake commissioner, at least 19 bodies have been found from Lake Tanganyika and several people are still missing. Eleven people were rescued by fishermen.
“The search is underway for other bodies and the death toll could rise as there is no manifesto to determine the exact number of passengers on board,” he said, blaming the tragedy on strong wind. Enditem