Connect with us

Europe

မငြိမ်သက်မှုဖြစ်ပွားနေစဉ် ကာဇက်စတန်နိုင်ငံ လုံခြုံရေးမှူးချုပ်(ဟောင်း)ကို နိုင်ငံတော်ပုန်ကန်မှုဖြင့်ဖမ်းဆီး

နာ-ဘူလ်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ(ဟောင်း) Karim Masimov အား နိုင်ငံတော်ပုန်ကန်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။Masimov နှင့်အခြား အမည်ထုတ်ဖော်ပြောကြားထားခြင်းမရှိသော အရာရှိအချို့ကို ဇန်နဝါရီ ၆ ရက်တွင် ယာယီထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း နှင့် ကော်မတီအနေဖြင့် ကနဦးစုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းကော်မတီ၏ အင်တာနက်စာမျက်နှာမှတဆင့် ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

ကာဇက်စတန်နိုင်ငံတွင် လောင်စာဆီဈေးမြင့်တက်သွားခြင်းကြောင့် နိုင်ငံအနှံ့ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပြီး ယင်းဆန္ဒပြပဋိပက္ခများကြောင့် လူများစွာ ထိခိုက်သေဆုံးမှုဖြစ်ပွားနေစဉ်အတွင်းမှာပင် ယခုကဲ့သို့ လုံခြုံရေးမှူးချုပ်(ဟောင်း) အား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

ကာဇက်သမ္မတ Kassym-Jomart Tokayev က အကြမ်းဖက်ပဋိပက္ခများ ရက်အတန်ကြာဖြစ်ပွားခဲ့ပြီးနောက် အာရှအလယ်ပိုင်းဒေသ ကာဇက်စတန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းနှင့်အညီ တရားဥပဒေစိုးမိုးရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)

——————————————————
(English Version)
Kazakhstan’s former national security chief detained for treason amid unrest

NUR-SULTAN, Jan. 8 (Xinhua) — Karim Masimov, former chairman of the National Security Committee of Kazakhstan, has been detained on suspicion of high treason, the committee announced Saturday.

Masimov and unnamed others were placed in a temporary detention center on Thursday and the committee has launched a pre-trial investigation, it said in a statement on its website.

The former senior official was put into custody when violent protests sparked by fuel price hikes were rocking Kazakhstan and led to multiple deaths and many injuries.

Kazakh President Kassym-Jomart Tokayev said on Friday that the constitutional order had been largely restored in the Central Asian country after days of stormy riots.
Photo – Xinhua file photo of Karim Masimov