Connect with us

International Organizations

မြောက်ကိုရီးယားခေါင်းဆောင်က ၂၀၂၂ ခုနှစ်အတွက် အစီအစဉ်များအား ဆွေးနွေးရန် အရေးကြီးသော ပါတီအစည်းအဝေး ခေါ်ယူ

မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် မိန့်ခွန်း ပြောကြားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-KCNA/Handout via Xinhua)

ပြုံးယမ်း ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က ပါတီမျက်နှာစုံညီအစည်းအဝေးတစ်ရပ်အား ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ၈ ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ ၂၀၂၁ ခုနှစ်တွင် ပါတီနှင့်နိုင်ငံ၏ အဓိကမူဝါဒများ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် မဟာဗျူဟာ နှင့် နည်းဗျူဟာဆိုင်ရာ မူဝါဒများအား ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို ကင်ဂျုံအန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအစီအစဉ်အကြောင်းအရာများအား အတည်ပြုခဲ့ကာ ယင်းတို့အား ဆွေးနွေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။အသေးစိတ်အချက်အလက်များ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)
DPRK leader convenes major party meeting to discuss plans for 2022
PYONGYANG, Dec. 28 (Xinhua) — Kim Jong Un, the top leader of the Democratic People’s Republic of Korea (DPRK), started a party plenary meeting on Monday, the official Korean Central News Agency (KCNA) reported on Tuesday.
The report said the fourth Plenary Meeting of the eighth Central Committee of the Workers’ Party of Korea will review the implementation of main party and state policies for the year 2021, and discuss and decide on the strategic and tactical policies for 2022.
The meeting, presided over by Kim, “approved the agenda items and went into the discussion of them,” the KCNA said, without giving further details. Enditem
Photo – Photo provided by Korean Central News Agency (KCNA) on Jan. 6, 2021 shows Kim Jong Un, the top leader of the Democratic People’s Republic of Korea (DPRK), addressing the opening of the eighth Congress of the Workers’ Party of Korea in Pyongyang, the DPRK. (KCNA/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.