Connect with us

Europe

ယူကရိန်းနိုင်ငံ စစ်တပ်စက်ရုံတစ်ခုတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်မြို့ရှိ ရှေ့တန်းကာကွယ်ရေးနေရာ၌ ယူကရိန်းတပ်ဖွဲ့ဝင် နေရာများအား စစ်ဆေးနေသော သမ္မတ Volodymyr Zelensky အား ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်အား တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ကီးယက်ဗ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Dnipro မြို့ရှိ စစ်တပ်စက်ရုံတွင် လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိအောင် ပစ်ခတ်ခဲ့သော ယူကရိန်း အမျိုးသား လုံခြုံရေးဝန်ထမ်းတစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး Denys Monastyrsky က Facebook လူမှုကွန်ရက်၌ ဇန်နဝါရီ ၂၇ ရက်၌ ရေးသားခဲ့သည်။

အသက် ၂၁ နှစ်အရွယ် အဆိုပါ လုံခြုံရေးဝန်ထမ်းက ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်၌ Yuzhny စက်ပစ္စည်းစက်ရုံ လုံခြုံရေးအဆောက်အအုံအတွင်းရှိသူများကို အကြောင်းရင်းမသိရှိရဘဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်၌ ဝန်ထမ်း ၄ ဦးနှင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အခြားသူ ၅ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယူကရိန်းအာဏာပိုင်များက အခင်းဖြစ်ရပ်အား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

Yuzhny စက်ပစ္စည်းစက်ရုံသည် ဒုံးကျည်လွှတ်တင်ရေးမော်တော်ယာဉ်များ၊ ဒုံးကျည်အင်ဂျင်များ၊ ပဲ့ထိန်းဒုံးကျည်များနှင့် ယူကရိန်း ကာကွယ်ရေးနှင့် လေယာဉ်တည်ဆောက်မှုနည်းပညာကဏ္ဍများအတွက် အခြားသော ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိသည်။ (Xinhua)

………………………………….
(English Version)
Gunman kills 5, injures 5 at Ukraine’s military plant
Source: Xinhua
Editor: huaxia
2022-01-27 19:33:15

KIEV, Jan. 27 (Xinhua) — The police detained a Ukrainian National Guard serviceman who shot five people dead and wounded five others at a military factory in the eastern Ukrainian city of Dnipro, Ukrainian Interior Minister Denys Monastyrsky wrote on Facebook Thursday.

The 21-year-old soldier opened fire at people inside a guard house of the Yuzhny Machine-Building Plant at about 4 a.m. local time (GMT 0200) for unknown reasons.

Four servicemen and one civilian woman were killed in the incident and five other people were severely injured.

The Ukrainian authorities have launched a criminal investigation into the incident, the minister said.

The Yuzhny Machine-Building Plant produces launch vehicles, rocket engines, ballistic missiles and other products for the Ukrainian defense and aerospace sectors. ■
Photo : Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. Ukrainian President Volodymyr Zelensky paid a working trip to Donbass in eastern Ukraine due to the escalation of tensions in the region, the president’s press service reported on Thursday. (Ukrainian Presidential Office/Handout via Xinhua)