Connect with us

China

ရုရှားနိုင်ငံက အဓိကမဟာဗျူဟာမြောက်စီမံကိန်းများတွင် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မျှော်လင့်ကြောင်း ပူတင်ပြောကြား

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း တရုတ်-ရုရှား နယ်စပ် Manzhouli ကုန်းတွင်းဆိပ်ကမ်းရှိ Manzhouli မီးရထားဘူတာရုံ၌ ကရိန်းဖြင့် ကွန်တိန်နာများအား သယ်ယူနေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၊ ဘဏ္ဍာရေး ၊ အာကာသ နှင့် လေကြောင်း စသည့်နယ်ပယ်များတွင်သာမက အဓိကမဟာဗျူဟာမြောက်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေရန် ဆန္ဒရှိကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တို့အကြားတွင် အရေးကြီးသည့် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်အား ရှာဖွေသွားမည် ဖြစ်ကြောင်းလည်း ရုရှားနိုင်ငံသမ္မတ ပူတင်က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Putin expects Russia to enhance cooperation with China in major strategic projects
BEIJING, Dec. 15 (Xinhua) — Russia is willing to continue strengthening cooperation with China in such fields as trade, oil and gas, finance, and aerospace and aviation, as well as major strategic projects, Russian President Vladimir Putin said Wednesday when meeting with Chinese President Xi Jinping via video link.
Russia will also seek greater synergy between the Eurasian Economic Union and the Belt and Road Initiative, Putin said. ■
Photo – A crane loads containers at the Manzhouli Railway Station in Manzhouli, a land port on the China-Russia border, north China’s Inner Mongolia Autonomous Region, April 13, 2020. (Xinhua/Yu Jia)