Connect with us

North America

လက်ယာယိမ်းများ ဆန္ဒပြရန်ရှိသဖြင့် အမေရိကန် ကက်ပီတိုလွှတ်တော်အနီးတစ်ဝိုက်တွင် လုံခြုံရေးတိုးမြှင့်ထား

ဝါရှင်တန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်၌ လူသေဆုံးသည်အထိ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ယင်းဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ထောက်ခံအားပေးသည့်အနေဖြင့် စက်တင်ဘာ ၁၈ ရက် (စနေနေ့)တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ လက်ယာယိမ်းဆန္ဒပြပွဲသို့ ထောက်ခံသူ ရာပေါင်းများစွာ ပါဝင်တက်ရောက်ရန် ရှိနေကြောင်း သိရသည်။“Justice for J6 ” ဟုအမည်ပေးထားသည့် စုရုံးဆန္ဒပြပွဲအတွင်း ဖြစ်ပေါ်လာနိုင်သော အခြေအနေအရပ်ရပ်အတွက် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များက တင်းတင်းကြပ်ကြပ်ဆောင်ရွက်ထားကြောင်း ၊ ယင်းတို့ထဲတွင် ကက်ပီတိုလွှတ်တော်ဝင်း ခြံစည်းရိုးအကာအရံအား ပြန်လည်ပြင်ဆင်တပ်ဆင်ခြင်း နှင့် ကက်ပီတိုရဲတပ်ဖွဲ့က ဝါရှင်တန်ဒီစီမြို့အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များအား အကူအညီတောင်းခံထားခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲသို့ လူပေါင်း ၇၀၀ ခန့် ပါဝင်တက်ရောက်လိမ့်မည်ဟု အမိမြေလုံခြုံရေးဌာနက ခန့်မှန်းထားကြောင်း NBC သတင်းက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ကက်ပီတိုလွှတ်တော်အဆောက်အဦရှေ့ တွင် လှည့်လည်နေသော ရဲကားတစ်စီးအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)ကက်ပီတိုလွှတ်တော်ဝင်း ပတ်ပတ်လည်တွင် ယာယီအတွင်းစည်းခြံစည်းရုံးအတားအဆီးတစ်ခုကို ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် စတင်တပ်ဆင်ထားပြီဖြစ်ကြောင်း နှင့် ၂၄ နာရီအတွင်း အလုံးစုံ ပြီးစီးရန် မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ ခြံစည်းရိုးအကာအရံ တပ်ဆင်မှု ပြီးစီးသွားချိန် လာမည့် စနေနေ့တွင် ကက်ပီတိုလွှတ်တော်သို့လာရောက်မည့် မော်တော်ယာဉ်များကို ကန့်သတ်မှုပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော်အမတ်များ နှင့် ဝန်ထမ်းများ၏ ကားများကိုသာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့ပြင် အမေရိကန်တရားရုံးချုပ်က ၎င်း၏ အဆောက်အဦပတ်ပတ်လည်တွင် ယာယီခြံစည်းရိုး အတားအဆီးတစ်ခု တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ မတိုင်ခင် တစ်ရက် သို့မဟုတ် နှစ်ရက် အတွင်း ခြံစည်းရိုးခတ်မှာပါ ပြီးတော့ အကယ်၍ အေးအေးဆေးဆေးဖြစ်သွားပြီးဆိုရင် သူ့ကို သိပ်မကြာခင်ပြန်ဖြုတ်လိုက်မှာပါ” ဟု ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့အကြီးအကဲ Thomas Manger က ယခုရက်သတ္တပတ်အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ကက်ပီတိုရဲတပ်ဖွဲ့သည် ပင်တဂွန်စစ်ဌာနချုပ် သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များ ချထားပေးရန် တောင်းဆိုခဲ့ပြီး ကက်ပီတိုလွှတ်တော်ဝင်း တစ်လျှောက်တွင် ပြင်ပတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ဖြည့်စွက် အင်အားများကိုလည်း ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

စနေနေ့ နံနက် ၅ နာရီမှ ည ၁၁ နာရီ ၅၉ မိနစ်အထိ အသွားအလာကန့်သတ်ထားမည့် လမ်းနှင့်ကားပါကင်နေရာများကို ဒီစီရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ စုရုံးဆန္ဒပြပွဲကို Look Ahead America လူမှုရေး အသင်းအဖွဲ့ခေါင်းဆောင် ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးမှူး Matt Braynard က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး “ ကျွန်ုပ်တို့ အစိုးရရဲ့အမေ့လျော့ခံ မျိုးချစ်အမေရိကန်များဖက်မှ ရပ်တည်ခြင်း” ဟူသော ဦးတည်ချက်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း WTOP သတင်းဖော်ပြမှုအရ သိရသည်။

Braynard က WTOP သတင်းဌာနသို့ပြောကြားရာတွင် အကြမ်းဖက်မှုအန္တရာယ်ကြောင့်တော့ ဆန္ဒပြပွဲကို ဖျက်သိမ်းသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး “ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ ဖြစ်ပေါ်လာနိုင်စရာမရှိပါဘူး ” ဟူ၍ ဖြည့်စွက်ပြောကြားခဲ့သည်။

Look Ahead America အဖွဲ့သည် ယင်းနေ့တွင် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးပေါင်း ၁၇ မြို့တွင် အလားတူ ဆန္ဒပြပွဲများ တစ်ပြိုင်နက်ပြုလုပ်သွားရန် စီစဉ်ထားသည်။
ကက်ပီတိုလွှတ်တော် တောင်ဘက်အခြမ်း ကပ်လျက်တွင်တည်ရှိသော ဒီမိုကရက်တစ်ပါတီ အမျိုးသားကော်မတီဌာနချုပ် အပြင်ဘက်တွင် သေနတ်(ဘက်နက်) နှင့် ဓားတစ်လက် ကိုင်ဆောင်မှုဖြင့် အသက် ၄၄ နှစ်အရွယ် သံသယအမျိုးသားတစ်ဦးကို ပြီးခဲ့သော တနင်္လာနေ့တွင် ကက်ပီတိုရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းလက်နက်ကိရိယာနှစ်ခုစလုံးမှာ ဝါရှင်တန်မြို့တွင် တရားမဝင်ကြောင်း သိရသည်။

သမ္မတဂျိုးဘိုင်ဒန်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အတည်ပြုမည့် ကွန်ဂရက်အား တားမြစ်ရန်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ကက်ပီတိုလွှတ်တော်ထဲသို့ သမ္မတထရမ့်ထောက်ခံသူများ ချိုးဖျက်ဝင်ရောက်လာပြီး ထိပ်တိုက်တွေ့ဆုံစဉ် ရဲတပ်ဖွဲ့ဝင် ၁၄၀ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ကက်ပီတို ရဲအရာရှိတစ်ဦးအပါအဝင် လူပေါင်း ၅ ဦးသေဆုံးခဲ့ရသည့် ကက်ပီတိုလွှတ်တော်အဓိကရုဏ်းကို နောက်ပိုင်းတွင် ပုန်ကန်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။(Xinhua)

————————————————–
(English Version)

Safety measures taken around U.S. Capitol prior to weekend right-wing rally

WASHINGTON, Sept. 16 (Xinhua) — Hundreds of protesters are expected to attend a right-wing rally in Washington, D.C., on Saturday in support of people who were arrested after the deadly Jan. 6 Capitol riot.

Authorities have taken a series of safety measures for possible scenarios during the “Justice for J6” rally, including reinstalling fencing on Capitol and a request by U.S. Capitol Police for D.C. National Guard support.

The Department of Homeland Security has estimated about 700 people will attend the event, according to a report by NBC News.

A temporary inner perimeter fencing around Capitol started being put up on Wednesday night and was expected to complete within 24 hours.

On Saturday, when the fencing installation has been completed, vehicle access to the Capitol will be limited to Congress and staff, local media reported. The Supreme Court will have a temporary fence placed around its perimeter as well.

“The fence will go up a day or two before, and if everything goes well it will come down very soon after,” Capitol Police Chief Thomas Manger told reporters earlier this week.

Capitol Police, who have asked the Pentagon for National Guard support, will also have additional personnel and external law enforcement posted throughout the Capitol complex, said the reports.
D.C. police have already released a list of street and parking restrictions, taking effect Saturday from 5 a.m. to 11:59 p.m.

The rally is planned by former President Donald Trump’s campaign staffer Matt Braynard, head of Look Ahead America, a nonprofit dedicated to “standing up for patriotic Americans who have been forgotten by our government,” according to a WTOP report.

Braynard told WTOP the rally won’t be canceled over the risk of violence, adding, “There’s not going to be any violence.”
Look Ahead America is also planning rallies in 17 other cities across the country on the same day.
On Monday, Capitol Police officers arrested a 44-year-old man for allegedly possessing a bayonet and a machete outside the Democratic National Committee headquarters, which sits just south of the Capitol building. Both items are illegal in Washington.
Some 140 police officers were reportedly injured when confronting a mob of Trump supporters who breached the Capitol on Jan. 6 in an attempt to stop Congress from certifying the 2020 election results for President Joe Biden.
The Capitol riot, later deemed an insurrection, left five dead, including a Capitol Police officer.

(1)Photo taken on Jan. 25, 2021 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Liu Jie)
(2)A police vehicle is seen near the Capitol building in Washington, D.C., the United States, on Aug. 19, 2021. (Xinhua/Liu Jie)