Connect with us

Asia

လာအိုနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအမြောက်အများ ကောင်းမွန်စွာတိုးတက်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ Tengjun အပြည်ပြည်ဆိုင်ရာကုန်းတွင်းဆိပ်ကမ်းမှ အအေးခန်းကွန်တိန်နာ ၃၃ ခုကို တင်ဆောင်ထားသော ရထားတစ်စင်း လာအိုနိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်က ထွက်ခွာလာစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အသိအမှတ်ပြုဖွယ်အကောင်းဆုံး တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ခြင်းနှင့်အတူ ပေါ်ထွက်လာသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အမြောက်အများလည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ် Sonexay Siphandone က ပြောကြားခဲ့သည်။

“အခုအခါ Thanaleng ကုန်းတွင်းဆိပ်ကမ်းနဲ့ ဗီယင်ကျန်း ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ်က တရားဝင်ဖွင့်လှစ်ထားပြီး ဗီယင်ကျန်း-ဟနွိုင်း အဝေးပြေးလမ်း၊ ဗီယင်ကျန်း- Pakxan အဝေးပြေးလမ်း၊ အမှတ်-၁ အဝေးပြေးလမ်း၊ Luang Namtha-Huayxai အဝေးပြေးလမ်း၊ Mahanathy Sithandone အထူးစီးပွားရေးဇုန်နှင့် အခြားစီမံကိန်းများအတွက် လေ့လာမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးလည်းဖြစ်သူ Sonexay က ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ၂၀၂၁ ခုနှစ်အတွက် အမျိုးသား စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုအား သုံးသပ်ရန်နှင့် ၂၀၂၂ ခုနှစ်အတွက် လမ်းညွှန်ချက်များ ချမှတ်ရန် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစိုးရက ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများ၏ စီးပွားရေးတြိဂံနယ်မြေရှိ စမတ်စီးတီး (Smart City) အတွက် ဒီဇိုင်းဆွဲရန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ခွင့်ပြုထားသဖြင့် Luang Namtha နှင့် Oudomxay ပြည်နယ်များတွင် စမတ်စီးတီး ရှေ့ပြေးဆောင်ရွက်ချက်သည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း သိရသည်။

ကုမ္ပဏီနှင့် သဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်နေရာ၌ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု ပံ့ပိုးခြင်းအား အလေးထားလျက် အဆိုပြုထားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံဒီဇိုင်းတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။

“၂၀၂၂ ခုနှစ် လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အတွက် ရည်မှန်းထားချက်များ ရရှိထားပါတယ်။ အမျိုးသား လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၊ ဥပဒေနှင့် နည်းပညာ အထောက်အထားများ အကောင်အထည်ဖော်မှုတွင် အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် အစည်းအဝေးတက်ရောက်သူများကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒါက ၂၀၂၂ ခုနှစ်အတွက် အစီအစဉ်မှာ မျှော်လင့်ချက်တွေကို ဖြစ်ထွန်းလာစေဖို့ အရေးကြီးပါတယ်” ဟု Sonexay က ပြောခဲ့သည်။

“၂၀၂၂ ခုနှစ် လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်က ၂၀၂၁-၂၀၂၅ အတွက် ငါးနှစ်တာ အမျိုးသား လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ စီးပွားရေးနှင့် ငွေကြေး အခက်အခဲတွေ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နိုင်ငံလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ပြင်းပြသောအခြေခံတစ်ခု ဖန်တီးရန် ရည်မှန်းချက် ရရှိမယ်လို့ ကျွန်တော် အများကြီးယုံကြည်ပါတယ်” (Xinhua)

———————————-
(English Version)
Large-scale development projects in Laos in good progress: official
VIENTIANE, Dec. 15 (Xinhua) — The rollout of large-scale development projects is making good progress, with the opening of the China-Laos railway being the most noteworthy success, Deputy Prime Minister Sonexay Siphandone said.
Speaking at a meeting on Monday, Sonexay, also the Minister of Planning and Investment, said “The Thanaleng Dry Port and Vientiane Logistics Park is now officially open and feasibility studies are underway for the Vientiane-Hanoi Expressway, the Vientiane-Pakxan Expressway, Expressway No. 1, Luang Namtha-Huayxai Expressway, Mahanathy Sithandone Special Economic Zone, and other projects.”
The meeting was organized to review national planning and investment for 2021 and set directions for 2022.
Good progress has also been made on the Smart City initiative in Luang Namtha and Oudomxay provinces as the government authorized a private company to design a smart city in the economic triangle area of Cambodia, Laos and Vietnam.
The agreement made with the company will see a comprehensive design for the proposed development, with a focus on tourism and service provision at border crossings.
“To ensure that the Socio-Economic Development Plan for 2022 achieves the set targets, I call on participants of this meeting to address the obstacles in the implementation of national socio-economic development, legislation and technical documents that are critical for the achievement of expectations in the plan for 2022,” Sonexay said.
“I have a lot of faith that the 2022 Socio-Economic Development Plan will achieve its target to create a favorable base for the implementation of the five-year National Socio-Economic Development Plan for 2021-2125, and the national agenda by addressing economic and financial difficulties.” Enditem
Photo : A train carrying 33 refrigerated containers departs from the Tengjun International Land Port in Kunming, capital of southwest China’s Yunnan Province, for Laos, Dec. 4, 2021. It is the first train involved in cold-chain logistics on the 1,035-km China-Laos Railway, a landmark project of high-quality Belt and Road cooperation, which started operation on last Friday. (Xinhua)