Connect with us

COVID-19 UPDATES

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပထမဆုံး အတည်ပြုနာ ၁ ဦး တွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကာကွယ်ဆေးထိုးနေရာတစ်ခုတွင် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူရန်စောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ အနောက်အာဖရိကနိုင်ငံဖြစ်သော Ghana နိုင်ငံ မှပြန်လာ သူ ၁ဦးထံတွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်အား ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၁၄ ရက် ညသန်းခေါင်းယံ သတင်းထုတ်ပြန်ချက်တွေ ကြေညာခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကမ္ဘောဒီးယားနိုင်ငံသူ တွင် ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်အား တွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ Pasteur Institute က ဒီဇင်ဘာ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုယ်ဝန် ၁၅ ပတ်ရှိသည့် ၎င်းအမျိုးသမီးသည် ဒူဘိုင်းနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကို ချိတ်ဆက်သည့် လေကြောင်းခရီးစဉ်ဖြင့် Ghana နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် rapid-tested ဖြင့် ရောဂါပိုးရှိမရှိ စစ်ဆေးစဉ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါလူနာသည် လက်ရှိတွင် ဖနွမ်းပင်မြို့ရှိ COVID-19 ကုသရေးဌာနတွင် ကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန်နှင့်ပတ်သက်၍ တောင်အာဖရိက နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ နိုဝင်ဘာ ၂၄ ရက်တွင် ပထဆုံး အစီရင်ခံခဲ့ပြီး ၎င်းကို WHO က စိုးရိမ်စရာကောင်းသော ဗီဇပြောင်းဗိုင်းရပ်စ် အဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)

———————————-
(English Version)
Cambodia confirms 1st case of Omicron COVID-19 variant
PHNOM PENH, Dec. 15 (Xinhua) — Cambodia has identified the first case of the Omicron COVID-19 variant, a traveler from the western African country of Ghana, the country’s ministry of health announced in a press statement Tuesday midnight.
“A 23-year-old Cambodian woman was confirmed positive for the Omicron variant by the Pasteur Institute in Cambodia (on) Dec. 14,” the statement said.
The woman, who is 15-weeks pregnant, arrived in Cambodia on Sunday from Ghana, with connecting flights in Dubai and Thailand’s Bangkok, it said, adding that she was first rapid-tested positive for COVID-19 upon her arrival at the Phnom Penh International Airport.
The patient is currently undergoing treatment at a COVID-19 treatment facility in Phnom Penh, the statement said.
The Omicron variant was first reported to the World Health Organization (WHO) from South Africa on Nov. 24 and it was classified a “variant of concern” by the WHO. Enditem