Connect with us

WORLD

လာအိုနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မျိုးစိတ် Delta ကို လူ ၃ ဦးထံတွင် ပထမဆုံးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြု

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ ကာကွယ်ဆေးထိုးဌာန၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဇွန် ၁၇ ရက် တွင်တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မျိုးစိတ် Delta ကို လူ ၃ ဦးထံတွင် ပထမဆုံး စစ်ဆေးတွေ့ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။လာနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်ပမှဝင်ရောက်လာသော ကူးစက်မှု ၁၆ ဦး နှင့် ပြည်တွင်း ကူးစက်မှု ၄ ဦး အပါအဝင် COVID-19 အတည်ပြုလူနာသစ် ၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါများထိန်းချုပ်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Sisavath Soutthaniraxay က ဇွန် ၃၀ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံတောင်ပိုင်း၊ Champasak ပြည်နယ်၌ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား ၃ ဦးတွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် မျိုးစိတ် Delta ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း Sisavath ကဆိုသည်။

လာအိုနိုင်ငံသည် မိမိနယ်နိမိတ်အတွင်း Deltaဗီဇပြောင်းဗိုင်းရပ်စ်အား ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံများအားလုံးနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုမှ ကာကွယ်ရန် ကာကွယ်မှုများကို နှစ်ဆတိုး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယင်းဗီဇပြောင်းဗိုင်းရပ်စ်သည် ပိုမိုပျံ့နှံ့မှုမြန်ဆန်ကြောင်းနှင့် COVID-19 အခြားမျိုးကွဲများထက် သေဆုံးမှုနှုန်း ပိုမိုမြင့်မားကြောင်း ၎င်းကဆိုသည်။

ဇွန် ၃၀ ရက်ထိ လာအိုင်နိုင်ငံ၌ COVID-19 အတည်ပြုလူနာစုစုပေါင်း ၂၁၂၁ ဦး နှင့် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။စုစုပေါင်းလူနာ ၁,၉၈၁ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံများမှ ဆင်းသွားခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။လာအိုနိုင်ငံ၌ ၂၀၂၀ပြည့်နှစ်၊ မတ် ၂၄ ရက်တွင် ပထမဆုံး COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့သည်။ (Xinhua)

——————————————————–
(English Version)

Laos confirms first 3 COVID-19 cases of Delta variant

VIENTIANE, June 30 (Xinhua) — Lao Ministry of Health on Wednesday confirmed the first three cases of Delta variant of COVID-19.
Deputy Director General of the Department of Communicable Diseases Control under the Ministry of Health, Sisavath Soutthaniraxay, told a press conference in Lao capital Vientiane on Wednesday that 20 new cases of COVID-19 have been recorded over the past 24 hours, including 16 imported cases and four local transmissions.

Sisavath said the three cases of Delta variant of COVID-19 were detected in southern Laos’ Champasak province, who were migrant laborers returning home from Thailand.
As Laos had detected the Delta variant within its borders for the first time, all residents must redouble efforts to take proper precautions against the spread of the virus, as the variant is known to spread faster and is deadlier than other strains of COVID-19, he said.

As of Wednesday, the total number of confirmed cases of COVID-19 in Laos stood at 2,121 with three deaths.
A total of 1,981 COVID-19 patients have recovered and been discharged from hospitals.
Laos reported its first two confirmed cases of COVID-19 on March 24 last year. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.