Connect with us

China

သမ္မတရှီက “နိုင်ငံစုံဘက်ပေါင်းစုံဝါဒ” “စည်းမျဉ်းစည်းကမ်းများ” ပုံဖျက်မှုအောက်တွင် ဗိုလ်ကျစိုးမိုးရေး နှင့် စစ်အေးခေတ် စိတ်နေစိတ်ထားကို လုံးဝဆန့်ကျင်ကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ ဒီဇင်ဘာ ၁၅ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “နိုင်ငံစုံဘက်ပေါင်းစုံဝါဒ” နှင့် “စည်းမျဉ်းစည်းကမ်းများ” ၏ ပုံဖျက်မှုအောက်တွင် ဗိုလ်ကျစိုးမိုးသောအပြုအမူများ နှင့် စစ်အေးခေတ် စိတ်နေစိတ်ထားအမူအကျင့်ကို လုံးဝဆန့်ကျင်ကန့်ကွက်ရန် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ ဒီဇင်ဘာ ၁၅ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူနှင့် ဗီဒီယိုလင့်မှတစ်ဆင့်ပြုလုပ်သော အစည်းအဝေးတွင် သမ္မတရှီက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ပြီး ကမ္ဘာပေါ်ရှိ အချို့သောအင်အားစုများသည် “ဒီမိုကရေစီ” နှင့် “လူ့အခွင့်အရေး” အကြောင်းပြချက်အောက်တွင် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြကြောင်း နှင့် နိုင်ငံတကာဥပဒေ နှင့် နိုင်ငံတကာဆက်ဆံရေးများကို စီမံဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ အသိမှတ်ပြုစံနှုန်းများကို နင်းချေဖျက်ဆီးနေကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် နှစ်ဖက်လုံခြုံရေးအကျိုးစီးပွားများအား ပိုမိုထိရောက်စွာ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ပူးတွဲချိတ်ဆက်ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နှင့် ရုရှားသည် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန်လိုအပ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ၊ ရာသီဥတုပြောင်းလဲခြင်း နှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၌ ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်စေရန် တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များအား ဖြစ်နိုင်ချေရှိသော ဖြေရှင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် နိုင်ငံတကာညီမျှမှု နှင့် တရားမျှတမှုကို ခိုင်ခိုင်မာမာထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။ (Xinhua)

…………………………..
(English Version)
Firmly rejecting hegemonic acts, Cold War mentality under disguise of “multilateralism,” “rules”: Xi
BEIJING, Dec. 15 (Xinhua) — Chinese President Xi Jinping said Wednesday that efforts must be made to firmly reject hegemonic acts and the Cold War mentality under the disguise of “multilateralism” and “rules.”
In a video meeting with Russian President Vladimir Putin, Xi said that certain forces in the world are trying to meddle in the internal affairs of China and Russia under the pretext of “democracy” and “human rights” and grossly trample on international law and universally recognized norms governing international relations.
China and Russia need to launch more joint actions to uphold the security interests of the two sides more effectively, Xi said.
China and Russia need to step up coordination and collaboration in international affairs, be more vocal on global governance, come up with feasible solutions to the pandemic, climate change and other global issues, and firmly uphold international fairness and justice in the process of resolving international and regional hotspots, he said.

Photos- Chinese President Xi Jinping holds a virtual meeting with Russian President Vladimir Putin in Beijing, capital of China, Dec. 15, 2021. (Xinhua/Liu Bin)