Connect with us

North America

ဟေတီနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁,၂၉၇ ဦးအထိ မြင့်တက်လာ

ဟေတီနိုင်ငံ Les Cayes မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံအနီး လူအများစုဝေးနေသည်ကို ဩဂုတ် ၁၅ ရက်က တေွ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံတွင် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁,၂၉၇ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း မြို့ပြကာကွယ်ရေးအေဂျင်စီက ဩဂုတ် ၁၅ ရက်က တွစ်တာပေါ်၌ နောက်ဆုံးထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဟေတီနိုင်ငံ Les Cayes မြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသည့် အဆောက်အအုံတစ်ခုကို ဩဂုတ် ၁၅ ရက်က တေွ့ရစဉ် (ဆင်ဟွာ)

သေဆုံးသူစာရင်းများအရ Sud ဒေသတွင် ၁,၀၅၄ ဦး၊ Grand’Anse ဒေသတွင် ၁၁၉ ဦး၊ Nippes ဒေသတွင် ၁၂၂ ဦးနှင့် Nord-Ouest ဒေသ တွင် ၂ ဦး ရှိကြောင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် ဒဏ်ရာရသူများမှာလည်း ၅,၇၀၀ ကျော်အထိ နှစ်ဆမြင့်တက်လာခဲ့ကြောင်း၊ ဩဂုတ် ၁၅ ရက် အစောပိုင်းသတင်းများအရ ငလျင်ကြောင့် သေဆုံးသူ ၇၂၄ ဦးနှင့် ဒဏ်ရာရသူ ၂,၈၀၀ ဦး ရှိကြောင်း မြို့ပြကာကွယ်ဆေးအေဂျင်စီအရ သိရသည်။ (Xinhua)

————————————
(English Version)
Death toll from Haiti earthquake rises to 1,297 — civil protection authorities
Source: Xinhua| 2021-08-16 07:25:57|Editor: huaxia
MEXICO CITY, Aug. 15 (Xinhua) — At least 1,297 people have died in a strong earthquake that struck Haiti on Saturday morning, the nation’s civil protection agency said in an updated statement on Twitter on Sunday.
The agency posted a statistical breakdown of the fatalities, saying 1,054 deaths are registered in the Sud (department), 119 in the Grand’Anse (department), 122 in the Nippes (department) and 2 in the Nord-Ouest (department).
The injuries also doubled to more than 5,700, according to the civil protection agency, which reported earlier Sunday that 724 deaths and over 2,800 injuries have been recorded from the earthquake. Enditem
Photo : Image taken with a mobile device shows people gather at a damaged building after the earthquake in Les Cayes, Haiti, on Aug. 15, 2021. The death toll has risen to 724 in a strong earthquake that struck Haiti on Saturday morning, the nation’s civil protection authorities said in a statement on Sunday. According to Haiti’s civil protection services, there are more than 2,800 injuries that have been recorded so far from the earthquake. (Photo by Katherine Hernandez/Xinhua)
2 : Image taken with a mobile device shows a damaged building after the earthquake in Les Cayes, Haiti, on Aug. 15, 2021. The death toll has risen to 724 in a strong earthquake that struck Haiti on Saturday morning, the nation’s civil protection authorities said in a statement on Sunday. According to Haiti’s civil protection services, there are more than 2,800 injuries that have been recorded so far from the earthquake. (Photo by Katherine Hernandez/Xinhua)