Connect with us

Africa & Middle East

ဟေတီနိုင်ငံသမ္မတ လုပ်ကြံသတ်ဖြတ်မှုတွင် သံသယရှိသူ ကိုလံဘီယာနိုင်ငံသားအား အမေရိကန်နိုင်ငံသို့ ပနားမားနိုင်ငံက လွှဲပြောင်းပေး

၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြုလုပ်သော ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ ဟေတီနိုင်ငံသမ္မတ လုပ်ကြံသတ်ဖြတ်မှု ဆက်စပ် သံသယတရားခံများအား ထုတ်ဖော်ပြသစဉ် (ဆင်ဟွာ)

ပနားမားစီးတီး ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့၌ သမ္မတ ဂျိုဗီနယ်မော်စီအား ဇူလိုင် ၇ ရက် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သတ်သည့် ကိုလံဘီယာစစ်တပ်အရာရှိဟောင်းတစ်ဦးကို အမေရိကန်နိုင်ငံ တာဝန်ရှိသူများထံသို့ ပနားမားနိုင်ငံ တာဝန်ရှိသူများက ဇန်နဝါရီ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း ပနားမားအမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။

သိမ်းဆည်းရမိသောလက်နက်များအား ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြုလုပ်သည့် ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘီယာစစ်တပ်အရာရှိဟောင်း Mario Antonio Palacios သည် ဂျမေကာနိုင်ငံမှ ကိုလံဘီယာနိုင်ငံသို့ ၎င်း၏ ပြည်နှင်ဒဏ်ပေးခံရသည့်ခရီးစဉ်အတွင်း ပနားမားစီးတီးမြို့ရှိ Tocumen နိုင်ငံတကာလေဆိပ်၌ ခရီးတစ်ထောက် ရပ်နားစဉ် ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ ၎င်းအားဖမ်းဆီးမှုသည် အမေရိကန်၏ တောင်းဆိုချက်အရ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်) ဖမ်းဝရမ်းတစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသံသယရှိသူသည် ပနားမားသို့ ရောက်လာချိန်တွင် အမေရိကန်နိုင်ငံသို့ ပို့ဆောင်ရန် တာဝန်ရှိသူများထံတွင် လိုလိုလားလား အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

ကိုလံဘီယာစစ်တပ်အရာရှိဟောင်း Mario Antonio Palacios သည် ဂျမေကာနိုင်ငံ၌ အောက်တိုဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းသည် ဒိုမီနီကန်သမ္မတနိုင်ငံမှ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။ (Xinhua)

………………………………….
(English Version)
Panama hands over Colombian suspect in Haitian president’s assassination to U.S.
PANAMA CITY, Jan. 4 (Xinhua) — Panamanian authorities on Tuesday handed over to U.S. officials a former Colombian military officer implicated in the July 7 assassination of then Haitian president Jovenel Moise in Port-au-Prince, according to the Panamanian National Immigration Service.
Mario Antonio Palacios was detained Monday night at the Tocumen International Airport in Panama City, after his deportation flight from Jamaica to Colombia made a stopover. His arrest obeyed an Interpol warrant apparently requested by the United States.
Sources said that upon arriving in Panama, the suspect indicated his willingness to surrender to the authorities to be sent to the United States.
Palacios was arrested in October in Jamaica, where he reportedly entered illegally from the Dominican Republic. Enditem
Photo 1 – Suspects in connection with the assassination of Haitian President Jovenel Moise are pictured during a press conference in Port-au-Prince, Haiti, July 8, 2021. (Photo by Tcharly Coutin/Xinhua)
Photo 2 – Seized guns are displayed at a press conference in Port-au-Prince, Haiti, July 8, 2021. (Photo by Tcharly Coutin/Xinhua)