Connect with us

Politics, Law & Military

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်

ဟောင်ကောင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက်ဥပဒေပြုကောင်စီ(LegCo) အဖွဲ့ဝင်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဥပဒေပြုကောင်စီ legCo ခန်းမဆောင်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ကျမ်းကျိန်အရာရှိအဖြစ်ဆောင်ရွက်ပေးသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူးကယ်ရီလမ်း နှင့်အတူ တရုတ်နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုပြီးနောက် ဥပဒေပြုအမတ်များသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အခြေခံဥပဒေကိုစောင့်စည်း ထိန်းသိမ်းရန် နှင့် ဟောင်ကောင်အား သစ္စာစောင့်သိရန် တစ်ဦးချင်းစီ အလိုက် ကျမ်းသစ္စာကျိန်ဆိုမှု စတင်ပြုလုပ်ခဲ့ကြသည်။

ယင်းမှာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုကောင်စီ(LegCo) ၏ သမိုင်းတစ်လျှောက် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရှေ့မှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဥပဒေပြုအမတ်များက ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာတွင် စတင်အသက်ဝင်ခဲ့သည့် တရုတ်နိုင်ငံတော်အလံ နှင့် ဟောင်ကောင်အမှတ်တံဆိပ် (ပြင်ဆင်ချက်ပြုလုပ်ပြီးနောက်) ဥပဒေအရ အုပ်ချုပ်ရေးမှူး ၊ စည်းကမ်းထိန်းသိမ်းရေးအရာရှိများ ၊ တရားစီရင်ရေးအဖွဲ့ ၊ အမှုဆောင်ကောင်စီ ၊ ဥပဒေပြုကောင်စီ နှင့် ခရိုင်ကောင်စီတို့သည် နိုင်ငံတော်အလံ နှင့် ဟောင်ကောင်အမှတ်တံဆိပ် ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ကျမ်းကျိန်မှုသည် ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမည် လုပ်ငန်းစဉ်တစ်ခုသည်။ ကျမ်းကျိန်သူများအနေဖြင့် ဥပဒေအရ ကျမ်းသစ္စာထဲတွင် ထည့်သွင်းဖော်ပြထားသည့် ပြဌာန်းချက်များကို ယုံကြည်မှု နှင့် ကျင့်သုံးလိုက်နာမှုကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သည်။ မှားယွင်းစွာကျမ်းကျိန်မှုပြုလုပ်သူတစ်ဦးအနေဖြင့် ယင်းကျမ်းကျိန်မှုအပြီးတွင် ကျမ်းသစ္စာဖောက်ဖျက်မှု ပြစ်ချက်ဖြင့် ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

ကျမ်းသစ္စာကျိန်ဆိုမှုမှန်ကန်စွာပြုလုပ်ပြီးသော ဥပဒေပြုကောင်စီအဖွဲ့ဝင်စာရင်းကို ကျမ်းကျိန်အခမ်းအနားအပြီးတွင် အများပြည်သူသိရှိနိုင်ရန် ထုတ်ဖော်ကြေညာပေးသွားမည်ဖြစ်သည်။ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီသည် ၎င်း၏ သက်တမ်း ၄ နှစ်အတွက် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဟောင်ကောင် ဥပဒေပြုကောင်စီသစ် (legCo) ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သွားရန် မျှော်လင့်ထားသည်။

ဟောင်ကောင်ရွေးကောက်ပွဲစနစ် တိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ ဥပဒေပြုကောင်စီ(LegCo) သတ္တမသက်တမ်းအတွက် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းရွေးကောက်ပွဲတွင် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၂၀ ဦး ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၃၀ ဦး နှင့် ရွေးကောက်ပွဲကော်မတီ မဲဆန္ဒနယ်အတွက် အမတ်နေရာ ၄၀ ဦးအပါအဝင် စုစုပေါင်း အမတ်နေရာ ၉၀ ဦးအတွက် ကိုယ်စားလှယ်ပေါင်း ၁၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)

Oath-taking ceremony held for HKSAR’s 7th-term LegCo members

HONG KONG, Jan. 3 (Xinhua) — The oath-taking ceremony for 90 members of the seventh-term Legislative Council (LegCo) of China’s Hong Kong Special Administrative Region (HKSAR) began at 11:00 a.m. local time Monday at the Chamber of the LegCo Complex.

The lawmakers, one by one, began to take an oath to uphold the Basic Law of the HKSAR and swear allegiance to the HKSAR after jointly singing the national anthem of China together with HKSAR Chief Executive Carrie Lam, the oath administrator.

It is the first time for the lawmakers to take an oath in front of the national emblem in the history of the HKSAR LegCo.
According to the National Flag and National Emblem (Amendment) Ordinance of the HKSAR that came into effect in October 2021, the national flag and emblem must be displayed at the oath-taking ceremonies of the chief executive, principal officials, the judiciary, the Executive Council, the LegCo, and the District Council.

The taking of the oath is legally binding. The oath-taker must sincerely believe in and strictly abide by the relevant oath prescribed by law. An oath-taker who makes a false oath or who, after taking the oath, engages in conduct in breach of the oath, shall bear legal responsibility in accordance with the law.
A list of LegCo members, whose oaths are determined as valid, will be published after the oath-taking ceremony.

The seventh-term LegCo began its four-year term of office on Saturday. The new LegCo is expected to hold its first session on Jan. 12.
The LegCo election, the first since improvements to the HKSAR’s electoral system, was successfully held on Dec. 19, 2021.
In the election, a total of 153 candidates had contended for 90 seats, including 20 from geographical constituencies, 30 from functional constituencies, and 40 from the Election Committee constituency. Enditem

Photo- The oath-taking ceremony for members of the seventh-term Legislative Council (LegCo) of China’s Hong Kong Special Administrative Region (HKSAR) is held at the LegCo Complex in Hong Kong, south China, Jan. 1, 2022. (Xinhua/Wang Shen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.