Connect with us

China

ဟောင်ကောင်၊ မကာအို နှင့်ပတ်သက်၍ အားလုံးသော တရားစီရင်ရေးအာဏာကို ဗဟိုအစိုးရက လုပ်ဆောင်သွားမည်ဟု ရှီပြောကြား

ဟောင်ကောင်မြို့ရှိလမ်းမထက်တွင် တရုတ်နိုင်ငံ အလံနှင့် ဟောင်ကောင်အလံအား အတူတကွချိတ်ဆွဲအလှဆင်ထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဟောင်ကောင် ၊ မကာအို နှင့်ပတ်သက်၍ အားလုံးသော တရားစီရင်ရေးအာဏာကို ဗဟိုအစိုးရက ကိုင်တွယ်ကျင့်သုံးမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌ နှင့် သမ္မတလည်းဖြစ်သူ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြင့်ဆုံးအခွင့်အာဏာတစ်ခုနဲ့အတူ ဟောင်ကောင်ကို ဟောင်ကောင်ပြည်သူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ ၊ မကာအိုကို မကာအိုပြည်သူတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ ထားရှိပြီး တစ်နိုင်ငံ စနစ်နှစ်မျိုး စာသား ၊ စိတ်ဓာတ်နဲ့ မှန်မှန်ကန်ကန်နေထိုင်သွားရမှာပါ” ဟု ရှီက ဆိုသည်။

အမျိုးသားလုံးခြုံရေးကို ထိန်းသိမ်းရန် ယင်းအထူးစီမံအုပ်ချုပ်ခွင့်ရဒေသနှစ်ခုအတွက် တရားဥပဒေစနစ်များ နှင့် တရားဥပဒေစိုးမိုးရေးယန္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှီက မီးမောင်းထိုးပြခဲ့သည်။

“ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ၊ လုံခြုံရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအကျိုးစီးပွားတွေကို ကာကွယ်နေချိန်တစ်ပြိုင်တည်းမှာပဲ ဟောင်ကောင် နဲ့ မကာအို ဒေသမှာ လူမှုတည်ငြိမ်ရေးကို ခိုင်မာ သေချာအောင် ကျွန်တော်တို့ ဆောင်ရွက်သွားရပါမယ် ၊ ပြီးတော့ အဲဒီ အထူးစီမံအုပ်ချုပ်ခွင့်ရဒေသ နှစ်ခုမှာ အကျိုးစီးပွားဖြစ်ထွန်းမှု နဲ့ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

———————————–
(English Version)
Xi stresses ensuring central government’s overall jurisdiction over HK, Macao

BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Thursday stressed ensuring that the central government exercises overall jurisdiction over Hong Kong and Macao.

Xi, also Chinese president and chairman of the Central Military Commission, made the remarks in his speech at a ceremony marking the centenary of the CPC.
“We will stay true to the letter and spirit of the principle of One Country, Two Systems, under which the people of Hong Kong administer Hong Kong, and the people of Macao administer Macao, both with a high degree of autonomy,” Xi said.

Xi highlighted implementing the legal systems and enforcement mechanisms for the two special administrative regions to safeguard national security.
“While protecting China’s sovereignty, security, and development interests, we will ensure social stability in Hong Kong and Macao, and maintain lasting prosperity and stability in the two special administrative regions,” he said. Enditem