Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံရှိ Semeru မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၃ ဦးအထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်၊ Sumber Wuluh ကျေးရွာရှိ Semeru မီးတောင်ပေါက်ကွဲပြီးနောက် သေဆုံးသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ Semeru မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၄၃ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၁၀၄ ဦးရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီက ဒီဇင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးနေရာအား တိမ်ထူထပ်ပြီး မည်းမှောင်နေသဖြင့် မီးတောင်ချော်ရည်ပြာများ ဖုံးလွှမ်းမှုကို ရှောင်ရှားရန် ဒီဇင်ဘာ ၉ ရက်၏ ဘေးလွတ်ရာရွှေ့ပြောင်းရေးလုပ်ငန်းအား ရပ်တန့်ခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari က ပြောခဲ့သည်။

“မျက်မြင်သတင်းအခြေအနေအရ ဒီနေ့မနက်ပိုင်းမှာ မီးခိုးလုံးကြီးတွေက Semeru မီးတောင်ထိပ်ကနေ အပေါ်ကို မီတာ ၁,၀၀၀ လောက်ထိ ထွက်နေပြီး အနောက်၊ အနောက်တောင်ဘက်ကို ဦးတည်နေတယ်” ဟု Muhari က ပြောခဲ့သည်။

နေအိမ်များက မီးတောင်ချော်ပြာများကြောင့် ပျက်စီးခြင်း သို့မဟုတ် ၎င်းတို့နေထိုင်ရာများမှာ အန္တရာယ်ဇုန်အတွင်းကျရောက်နေခြင်းများကြောင့် ပြည်သူ ၆,၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာ ၁၂၁ ခုတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲခြင်းကြောင့် နွားများ၊ ဆိတ်များနှင့် ဝက်များ စသော သက်ရှိသတ္တဝါ အမြောက်အများ သေဆုံးခဲ့ရသည်။ ခရိုင်းများအား ချိတ်ဆက်ထားသော တံတားများ အပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အဦများစွာလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အာဏာပိုင်များအနေဖြင့် Lumajang နှင့် Malang ခရိုင်များအား ချိတ်ဆက်ရန် ယာယီအရေးပေါ်တံတားများ တည်ဆောက်ရန် သုံးသပ်လျက်ရှိကြောင်း သိရသည်။

မီတာ ၃,၆၇၆ မြင့်သော အဆိုပါမီးတောင်သည် ဒီဇင်ဘာ ၄ ရက်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ (Xinhua)

—————————————
(English Version)
Death toll in Indonesia’s Mt. Semeru eruption rises to 43
Source: Xinhua| 2021-12-09 23:14:23|Editor: huaxia
JAKARTA, Dec. 9 (Xinhua) — The death toll in the eruption of Semeru, a volcano in Indonesia’s island of Java, has risen to 43, with 104 people injured, the National Disaster Management Agency said on Thursday.
Thursday’s evacuation process was stopped, as the search and rescue location was covered by dark and overcast clouds, to avoid flooding of volcanic ash, according to the agency’s spokesperson Abdul Muhari.
“Based on a visual report, thick smoke was also sliding from the peak of Semeru up to 1,000 meters to the west to southwest direction this morning,” Muhari said.
More than 6,000 people remain in 121 evacuation points as their homes were swept away by volcanic ash or their settlements are located in the danger zone.
The eruption killed thousands of livestock such as cows, goats and poultry. Dozens of public facilities, including a bridge connecting districts, were damaged.
Authorities are reviewing the construction of a temporary emergency bridge to connect the districts of Lumajang and Malang.
The 3,676-meter-high volcano erupted on Saturday. Enditem
Photo : Search and rescue teams looks for victims after the eruption of Mount Semeru in Sumber Wuluh village in Lumajang district, East Java, Indonesia, Dec. 6, 2021. (Photo by Kurniawan/Xinhua)