Connect with us

Africa & Middle East

အစ္စရေးက ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များအား ဒုံးကျည်ဖြင့်တိုက်ခိုက်

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ် တောင်ပိုင်း ကျေးလက်ဒေသ al-Eis မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ဆီးရီးယားစစ်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များကို ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SANA နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ယင်းတိုက်ခိုက်မှုသည် အလက်ပိုပြည်နယ်တောင်ပိုင်း Safira ဒေသအတွင်းရှိ စစ်တပ်တည်ရှိရာနေရာများအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း SANA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်း ပစ်မှတ်နေရာများသို့ မထိမှန်မီ ဒုံးကျည်အများစုကို ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း သတင်းအေဂျင်စီက ဖြည့်စွက်ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ စစ်ဖက်ဆိုင်ရာနေရာများကို အစ္စရေးဖက်က ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီး ယင်းပစ်မှတ်များနေရာများသည် အီရန်က ကျောထောက်နောက်ခံပြုထားသော နေရာများ ဖြစ်ကြောင်း စွပ်စွဲထားသည်။ (Xinhua)

——————————————–
(English Version)

Israel launches missile attack on military sites in Syria’s Aleppo

DAMASCUS, July 19 (Xinhua) — Israel carried out a missile attack against military sites in the northern Syrian province of Aleppo on Monday night, state news agency SANA reported.
The attack targeted military sites in the Safira area in southern Aleppo, said SANA.

The air defenses intercepted most of the missiles before they hit their targets, it added.Israel has repeatedly attacked the military sites in Syria, claiming that they are positions of Iranian-backed militias. Enditem

Photo – Syrian soldiers are seen in the town of al-Eis in the southern countryside of Aleppo province, Syria, on Feb. 9, 2020. The army forces captured the town of al-Eis, one of the important areas in the army’s quest to fully secure the Damascus-Aleppo highway, on Saturday. (Str/Xinhua)