Connect with us

Europe

အစ္စရေးနိုင်ငံတွင် COVID-19 ရောဂါကို တံတွေးမှတစ်ဆင့် စစ်ဆေးမှုစတင်ဆောင်ရွက်

ဂျေရုဆလမ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် COVID-19 ရောဂါအား တံတွေးမှတစ်ဆင့် စစ်ဆေးခြင်းကို စတင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ Bar Ilan တက္ကသိုလ် (BIU) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က အောက်တိုဘာ ၇ ရက် ပူးတွဲထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။အဆိုပါ တံတွေးမှစစ်ဆေးမှု တရားဝင်ဖြစ်စေရန် သီတင်းပတ်နှစ်ပတ်ကြာ ကနဦးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Tel Aviv ကမ်းရိုးတန်းမြို့ရှိ စစ်ဆေးရေးနေရာသို့ နမူနာပစ္စည်းများအား ယူဆောင်ခဲ့သည်။

ကနဦးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသက်အရွယ်အမျိုးမျိုးပါဝင်သော ပြည်သူရာပေါင်းများစွာသည် ရလဒ်များအား နှိုင်းယှဉ်ရန် တံတွေးစစ်ဆေးမှုနှင့် စံချိန်မီ PCR တို့ဖတ်စစ်ဆေးမှုနှစ်ခုလုံး စမ်းသပ်မှုခံယူရမည်ဖြစ်သလို တံတွေးနမူနာယူခြင်းကိုလည်း သက်သောင့်သက်သာနှင့် ဘေးကင်းစွာ လုပ်ဆောင်သွားမည်ဖြစ်သည်။

တံတွေးစစ်ဆေးစမ်းသပ်မှုအား BIU မှ တီထွင်ထားသော ကနဦးအစီအစဉ်တွင် အသုံးပြုခဲ့ပြီး စံချိန်မီ PCR တို့ဖတ်စစ်ဆေးမှု ဆောင်ရွက်သကဲ့သို့ လုပ်ဆောင်ချက်နှင့် မှန်ကန်စွာစစ်ဆေးမှုနှင့် အလားတူဖြစ်ကာ ဓာတ်ခွဲခန်းတွင် အောင်မြင်စွာ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တံတွေးစစ်ဆေးမှုရလဒ်များအတွက် စောင့်ဆိုင်းချိန်သည် အခြားတို့ဖတ်စစ်ဆေးမှုတွင် နာရီများစွာ စောင့်ဆိုင်းရမည့်အစား ၄၅ မိနစ်ခန့်သာရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ဗိုင်းရပ်စ်ကိုင်တွယ်ရန် ဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာအသစ်များ အမျိုးအစားခွဲခြားရေးနှင့် ဖော်ထုတ်ရေး ပူးတွဲအားထုတ်မှု၌ အပါအဝင်ဖြစ်သည်။

ယင်းကြိုးပမ်းအားထုတ်မှုအား အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုယူနစ်၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ လက်နက်များနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မှုဦးစီးဌာန(MAFAT) တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။ (Xinhua)

——————————————
(English Version)

Israel begins conducting COVID-19 saliva tests

JERUSALEM, Oct. 7 (Xinhua) — Israel has begun conducting saliva tests to detect COVID-19, the state’s Ministry of Health, Bar Ilan University (BIU) and the Ministry of Defense said in a joint statement on Thursday.

The sampling is carried out in a testing compound in the coastal city of Tel Aviv, as part of a two-week pilot program to validate the saliva tests.
As part of the pilot, hundreds of people of different ages will be tested with both saliva and standard PCR swab tests to compare results, as well as the comfort and safety of the saliva sampling.
The saliva test used in the pilot was developed by BIU, and successfully tested in a laboratory, with performance and sensitivity similar to those of the standard swab PCR test, it added.
The waiting time for saliva test results is about 45 minutes, instead of several hours in the common swab test.

The program is included in a joint effort to identify and develop new technologies as part of the national actions to tackle the virus.
This effort is led by the Health Ministry’s Healthcare Israel unit, and the Administration for the Development of Weapons and Technological Infrastructure (MAFAT) at the Defense Ministry. Enditem
Photo : A medical worker takes a swab sample from a woman for COVID-19 test in the central Israeli city of Ramla on July 5, 2020. The Israeli health ministry reported 788 new coronavirus cases on Sunday, raising the total number in the country to 29,958. (Photo by Gil Cohen Magen/Xinhua)