Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများ ဆက်လက် ကျယ်ပြန့်လာကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြ

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများသည် ကျယ်ပြန့်လာနေပြီး ၎င်းတို့၏ ပေါက်ဖွားမှုအကောင်ရေမှာလည်း တိုးပွားလာကြောင်း နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သော စက္ကဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဆယ်စုနှစ်လေးခုအတွင်း သဘာဝတောထဲတွင် ပန်ဒါကြီးအကောင်ရေသည် ၁,၁၁၄ ကောင်မှ ၁,၈၆၄ ကောင်ထိ တိုးပွားလာသည်။ အမောက်ရှိသောခရုစုပ်ဌက်အကောင်ရေသည် ၇ ကောင်မှ ၅,၀၀၀ ကျော် အထိ တိုးလာခဲ့ကြောင်း “တရုတ်နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းအရ သိရသည်။

သဘာဝတောထဲတွင် အာရှဆင်အကောင်ရေသည် ၁၉၈၀ ပြည့်လွန်နှစ်တွင် အကောင်ရေ ၁၈၀ မှ လက်ရှိတွင် အကောင်ရေ ၃၀၀ ခန့်အထိ တိုးပွားလာခဲ့သည်။
ဟိုင်နန်မျောက်လွှဲကျော် အကောင်ရေသည် လွန်ခဲ့သော နှစ် ၄၀ က အုပ်စုနှစ်စုတွင် ၁၀ ကောင်ထက်မပိုဘဲ ရှိရာမှ လက်ရှိတွင် အုပ်စုငါးခုတွင် ၃၅ ကောင်အထိ တိုးလာခဲ့ကြောင်း သိရသည်။

လှောင်အိမ်များတွင် မွေးမြူထားသော ပန်ဒါအရေအတွက်မှာ တိုးလာခဲ့ပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များ စာရင်းတွင် မျိုးပြုတ်မည့် အန္တရာယ် ရှိသည့် အဆင့်မှ နည်းပါးသော အဆင့်ထိ အဆင့်သတ်မှတ်ချက်ကို လျှော့ချနိုင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းအရ သိရသည်။ (Xinhua)

——————————————
(English Version)

Habitats for wild animals keep expanding in China: white paper

BEIJING, Oct. 8 (Xinhua) — The habitats for wild animals in China have been expanding and their populations are growing, said a white paper released on Friday by the State Council Information Office.
The population of giant pandas in the wild has grown from 1,114 to 1,864 over the past four decades. The crested ibis population has increased from only seven to over 5,000, according to the white paper titled “Biodiversity Conservation in China.”

The Asian elephant population in the wild has grown from 180 in the 1980s to about 300 at present. The wild population of Hainan Gibbon has increased from no more than ten in two groups 40 years ago to 35 in five groups.

The captive pandas have grown in numbers, and they have been downgraded from “endangered” to “vulnerable” on the list of species at risk of extinction, according to the white paper. Enditem
Photo – Giant pandas “Lulu” (R) and “Xiaoxin” frolic on a tree in the Qinling Wild Panda Training Base at Foping Nature Reserve, northwest China’s Shaanxi Province, April 2, 2020. (Xinhua/Pu Zhiyong)