Connect with us

Africa & Middle East

အစ္စရေးနိုင်ငံရှိ စာသင်ကျောင်းနှစ်ကျောင်း၌ COVID-19 ရောဂါကူးစက်မှု ဖြစ်ပွား ၊ ကျောင်းသား ၄၅ ဦး ကူးစက်ခံရ

အစ္စရေးနိုင်ငံ အလယ်ပိုင်း Modiin မြို့၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက အထက်တန်းကျောင်းသားများ နှာခေါင်းစည်းများ ဝတ်ဆင်၍ ပြင်ပ၌ စာမေးပွဲ ဖြေဆိုနေစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၏ မြောက်ဘက် ၆၀ ကီလိုမီတာအကွာ Binyamina မြို့ရှိ စာသင်ကျောင်းနှစ်ကျောင်း၌ COVID-19 ရောဂါကူးစက်မှု ဖြစ်ပွားကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ရောဂါဖြစ်ပွားမှုသည် မူလတန်းကျောင်းတစ်ကျောင်း နှင့် အလယ်တန်းကျောင်းတစ်ကျောင်း၌ ဖြစ်ပွားပြီး စုစုပေါင်း ကျောင်းသား ၄၅ ဦးတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

အလယ်တန်းကျောင်းမှကျောင်းသားများအနက် တစ်ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိပြီးနောက် ရောဂါစစ်ဆေးမှုလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်ခဲ့ကြောင်း ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားမှုအရင်းအမြစ်အနေဖြင့် အိန္ဒိယနိုင်ငံ၌ ပထမဆုံး တွေ့ရှိသည့် COVID-19 မျိုးရိုးဗီဇကွဲ ကူးစက်ခံထားရသော မကြာသေးမီက ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မိသားစုတစ်ခုနှင့် ဆက်စပ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ဇွန် ၆ ရက်တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး အသက် ၁၂ နှင့် ၁၅ နှစ်အကြားရှိ ဆယ်ကျော်သက်လူငယ်များအား ကာကွယ်ဆေး ထိုးနှံမှုများ စတင်ခဲ့ပြီး ယင်းမတိုင်မီက အသက် ၁၆ နှစ်နှင့်အထက်ရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံခွင့်ပြုခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံထားသော လူဦးရေမှာ ၅ ဒသမ ၄၉ သန်းခန့် ရှိပြီး စုစုပေါင်း လူဦးရေ၏ ၅၈ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အစ္စရေးနိုင်ငံ၌ ဇွန် ၁၉ ရက်တွင် COVID-19 လူနာသစ် ၆၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာပေါင်း ၈၃၉,၈၂၉ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၆,၄၂၇ ဦး ရှိခဲ့ပြီး ရောဂါပြင်းထန်သူ လူနာအရေအတွက်မှာ လတ်တလော ဆေးရုံတင်ကုသမှု ခံယူနေသူ ၄၇ ဦးအနက် ၂၃ ဦးမှ ၂၂ ဦးထိ စိုးရိမ်ရသည့် အခြေအနေမှ လျော့ကျသွားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Israel reports COVID-19 outbreak in 2 schools, 45 students infected

JERUSALEM, June 19 (Xinhua) — The Israeli Ministry of Health on Saturday reported a COVID-19 outbreak in two schools in the town of Binyamina, 60 km north of Tel Aviv.

The outbreak concerns a primary school and a middle school, where 45 students in total were tested positive for the coronavirus, according to the ministry.

An extensive testing operation, which began after one of the middle school students had been tested positive, revealed the outbreak.

According to the ministry, the source of the outbreak is related to a family who recently returned from abroad, with the infection of the COVID-19 variant first detected in India.

On June 6, Israel started vaccinating teenagers aged between 12 and 15 against COVID-19. Before that, only people aged 16 and over were eligible to get vaccinated.

The number of people vaccinated against COVID-19 in Israel currently stands at about 5.49 million, or 58.9 percent of its total population.

Israel reported 60 new COVID-19 cases on Saturday, bringing the total number in the country to 839,829.
The death toll from the virus remained at 6,427, while the number of patients in a serious condition decreased from 23 to 22, out of 47 patients currently hospitalized. Enditem

Photo – Israeli high school students wearing face masks take a final exam outdoors in central Israeli city of Modiin, on Jan. 27, 2021. Israel’s Ministry of Health reported 7,412 new COVID-19 cases on Wednesday, bringing the tally in the country to 620,698. (Photo by Gil Cohen Magen/Xinhua)