Connect with us

Africa & Middle East

အနောက်အာဖရိကဒေသ၌ ၂၀၂၀ ပြည့်နှစ်မှစ၍ အကြမ်းဖက်တိုက်ခိုက်မှု ၇၀၀ ကြုံတွေ့ခဲ့ရပြီး သေဆုံးသူ ၂,၀၀၀ ဦးရှိ

နိုင်ဂျီးရီးယားနိုင်ငံ Maiduguri မြို့၌ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ပျက်စီးသွားသော ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

အနောက်အာဖရိကဒေသ၌ ၂၀၂၀ ပြည့်နှစ်မှ ယခုအချိန်ထိ စုစုပေါင်း အကြမ်းဖက်တိုက်ခိုက်မှု ၇၀၀ ကြုံတွေ့ခဲ့ရပြီး စစ်သား နှင့် အရပ်သား ၂,၀၀၀ သေဆုံးခဲ့ကြောင်း အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း(ECOWAS) တာဝန်ရှိသူက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ECOWAS ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Kassi Brou က ဒေသ တည်ငြိမ်မှုကို အစွန်းရောက် အကြမ်းဖက်မှုများ ခြိမ်းခြောက်လာသည်နှင့်အမျှ ဒေသတွင်း မလုံခြုံမှုသည် အဓိကစိုးရိမ်စရာ ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများက သိသိသာသာ အားထုတ်မှုများ ရှိသော်လည်း အထူးသဖြင့် ရှေ့တန်းတွင် ၎င်းတို့အား ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် ပထမငါးလကြားတွင် အကြမ်းဖက်တိုက်ခိုက်မှုများ နှစ်ဆတိုးလာခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ECOWAS နိုင်ငံအကြီးအကဲများ၏ ၅၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဘာကီနာဖာဆို ၊ မာလီ ၊ နိုင်ဂျာ နှင့် နိုင်ဂျီးရီးယားနိုင်ငံများ၌ တိုက်ခိုက်မှုများသည် အကြီးအကျယ် ဖြစ်ပွားလေ့ရှိပြီး ကမ်းရိုးတန်းနိုင်ငံများသို့ ပြန့်နှံလျက် ရှိကြောင်း ၊ အနောက်အာဖရိက ဒေသခွဲ၌ ထွက်ပြေးတိမ်းရှောင်သူများ၏ အရေအတွက်မှာ တိုးလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရေးဆွဲခဲ့သည့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် ဒေသဆိုင်ရာလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုအား စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းစီက အန္တရာယ်ကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကို ဖြည့်စွက်ဆောင်ရွက်သင့်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံအကြီးအကဲများအား ပန်ကြားခဲ့သည်။ လုပ်ငန်းစဉ်များ အရှိန်မြင့်တင်ရေး အကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေထည့်ဝင်ရေးအစီအစဉ်ကိုလည်း စောလျှင်စွာ ပြုလုပ်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)

—————————————————-
(English Version)

W. Africa suffered 700 terrorist attacks, 2,000 deaths since 2020: official

ACCRA, June 19 (Xinhua) — West Africa has suffered a total of 700 terrorist attacks resulting in 2,000 civilian and military deaths from 2020 to now, said an Economic Community of West African States (ECOWAS) official on Saturday.

Jean-Claude Kassi Brou, the president of ECOWAS Commission, said insecurity was still a major concern for the region as violent extremism threatened the stability of the region.
“Despite the significant efforts made by member states, particularly those on the frontline, terrorist attacks doubled between the first five months of 2020 and 2021,” said Brou in his opening speech during the 59th Ordinary Session of the Heads of State of ECOWAS.

“These attacks occur largely in Burkina Faso, Mali, Niger, and Nigeria, spreading to coastal countries, and increasing the number of displaced persons in the West African subregion,” he said.

“The implementation of the Regional Plan of Action to Combat Terrorism, which you adopted in September 2019, has commenced and should complement the significant efforts made by each member state to combat the menace,” he told the heads of state.

The official urged that the planned mobilization of funds for the implementation be done early to accelerate the process. Enditem
Photo – The photo shows a wreckage of a vehicle after a bomb attack by Boko Haram militia in Maiduguri, Nigeria, April 27, 2018. (Xinhua/NAN)