Connect with us

INTERNATIONAL ORGANIZATION

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်အတွင်း အကျဉ်းထောင်များတွင် ဝန်ထမ်းရှားပါးမှုဖြင့် ဆိုးဆိုးဝါးဝါးကြုံတွေ့နေရ

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် အရာရှိများ ရာထူးမှနုတ်ထွက်ကြသဖြင့် ဝန်ထမ်းရှားပါးမှုများ ဆိုးဝါးစွာကြုံတွေ့နေရကြောင်း အေပီ (AP) သတင်းဌာနက မကြာသေးမီက သတင်းဖော်ပြခဲ့သည်။“အကျဉ်းသားတွေကို ကိုဗစ်ရောဂါကနေ ကာကွယ်ဖို့ ပျက်ကွက်ပြီး ပြစ်မှုဆိုင်ရာ တရားရေးစနစ်က အကျဉ်းကျသူတွေကို ပြင်းပြင်းထန်ထန်ဖျားနာခြင်းနဲ့ သေဆုံးခြင်း အန္တရာယ်တွေကို ဖန်တီးပေးရုံသာမကဘဲ ဝန်ထမ်းတွေကိုလည်း ကိုဗစ်ရောဂါ ကူးစက်မှုအန္တရာယ် မြင့်တက်လာစေခြင်းတွေက ဝန်ထမ်းရှားပါးမှုဖြစ်ပေါ်အောင် အခိုင်အမာထောက်ပံ့ပေးလျက်ရှိနေပါတယ်” ဟု မီချီဂန်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Betsey Stevenson ၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ဖော်ပြထားသည်။

ထောင်အရာရှိများ နုတ်ထွက်သွားရခြင်း၏ နောက်ကွယ်တွင် ဆိုးဝါးလှသော ဝန်ထမ်းရှားပါးမှုများက အလုပ်အကိုင်ခက်ခဲမှုကို ဆိုးရွားစွာဖြစ်ပေါ်လာစေကြောင်း အေပီသတင်းက ဖော်ပြထားသည်။

ဂျော်ဂျီယာပြည်နယ်ရှိ အကျဉ်းထောင်အချို့တွင် ဝန်ထမ်းလစ်လပ်နှုန်းမှာ ၇၀ ရာခိုင်နှုန်းအထက်ရှိနေသလို ဖလော်ရီဒါပြည်နယ်တွင်မူ ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အကျဉ်းထောင် ၃ ခုကို ယာယီပိတ်ထားရကြောင်း သတင်းကဆိုသည်။

ဝန်ထမ်းရှားပါးမှုသည် အမေရိကန် အကျဉ်းထောင်များအတွက် လုပ်ခလစာနည်းပါးခြင်း၊ ထောက်ပံ့ကြေးအားနည်းခြင်းနှင့် ဆိုးရွားသော လုပ်ငန်းခွင့်အခြေအနေများဖြင့် ကာလရှည်စိန်ခေါ်မှုကြုံတွေ့လျက်ရှိသည်။ သို့ရာတွင် ၎င်းနေရာများတွင် အလုပ်လုပ်ကိုင်နေသူများအတွက် ကိုဗစ်-၁၉ ရောဂါအန္တရာယ် မြင့်တက်လာခြင်းကလည်း ပြဿနာကို ပိုမိုဆိုးဝါးလာစေခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

U.S. prisons face worsening staff shortages amid COVID-19: news agency

WASHINGTON, Nov. 2 (Xinhua) — Prisons in the United States have been facing more severe staff shortages as officers quit in droves amid the COVID-19 pandemic, the Associated Press (AP) has recently reported.

“By failing to protect prisoners from COVID, the criminal justice system not only created an unfair risk of severe illness and death for the incarcerated, but the increased COVID risk to employees has undoubtedly contributed to staffing shortages,” University of Michigan economist Betsey Stevenson was quoted as saying.

Meanwhile, for the officers left behind, worsening shortages have made an already difficult job unbearable, the AP reported.
Some prisons in state of Georgia reported up to 70 percent vacancy rates, while state of Florida has temporarily closed three prisons because of understaffing, it said.
Staff shortages have reportedly long been a challenge for U.S. prisons, given the low pay, poor benefits, and horrendous working conditions. But the increased risk of COVID-19 for people working there has further exacerbated the problem. ■
People walk through Times Square in New York, the United States, Oct. 2, 2021. (Photo by Michael Nagle/Xinhua)