Connect with us

COVID-19 UPDATES

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သို့ ဧည့်သည်များအား ပြန်လည်လက်ခံ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ Smithsonian အမျိုးသားတိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါကြီးမျိုးဖြစ်သည့် Xiao Qi Ji ပန်ဒါသားပေါက်လေးအား ၂၀၂၁ ခုနှစ် မေ ၂၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ Smithsonian အမျိုးသားတိရစ္ဆာန်ဥယျာဉ်၏ ၂၀ ရာခိုင်နှုန်းအား မေ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လာရောက်လည်ပတ်သည့်ဧည့်သည်များအား နိုင်ငံ၏အချစ်တော်ပန်ဒါကြီးများနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာကိုကြည့်ရှုရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က အမျိုးသားတိရစ္ဆာန်ဥယျာဉ်အတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က တောရိုင်းတိရစ္ဆာန်တွေကို ဂရုစိုက်ပေးဖို့အတွက် အများပြည်သူကို လှုံ့ဆော်ပေးဖို့ပါပဲ’’ ဟု တိရစ္ဆာန်ဥယျာဉ် ညွှန်ကြားရေးမှူး Steve Monfort က မေ ၂၁ ရက်တွင် ဆင်ဟွာသို့ပြောသည်။

တိရစ္ဆာန်ဥယျာဉ်သည် အလွန့်အလွန် ကံကောင်းကြောင်း၊ ဝန်ထမ်းများရော တိရစ္ဆာန်များပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

တိရစ္ဆာန်ရုံဝင်ပေါက်ရှိ ကြီးမားသည့် ခြင်္သေ့ရုပ်ကြီး နှစ်ခုတွင် ရောင်စုံနှာခေါင်းစည်း (face mask) များအားတပ်ဆင်ထားကြောင်း၊ အသက် ၂ နှစ်နှင့် အထက် ဧည့်သည်များသည် တိရစ္ဆာန်ရုံအတွင်း နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်ကြောင်း၊ ဝင်ခွင့်လက်မှတ်အရေအတွက်ကိုလည်း ကန့်သတ်ထားကြောင်းနှင့် ကပ်ရောဂါကာလမတိုင်မီက တစ်ရက်လျှင် ၂၀,၀၀၀ ခန့် ရှိရာမှ ယခု ၆၀၀၀ အောက်သာရှိကြောင်းသိရသည်။

ထို့အပြင် လူကြိုက်အများဆုံးဖြစ်သည့် ပန်ဒါကြီးမျိုးများ အထူးသဖြင့် ကပ်ရောဂါ အမြင့်ဆုံးအချိန်တွင် မွေးဖွားခဲ့သည့် ၉ လသားအရွယ် ပန်ဒါလေး Xiao Qi Ji အား ကြည့်ရှုရန် သီးသန့်လက်မှတ်များလိုအပ်ကြောင်း သိရသည်။

၎င်းပန်ဒါသားပေါက်လေး၏ အမည်အား အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပါက “အံ့ဖွယ်လေး” ဟု အဓိပ္ပါယ်ရပြီး မေ ၂၀ ရက်တွင် ပြုလုပ်သည့် တစ်နာရီကြာမီဒီယာ အထူးပွဲ၌ ၎င်း၏ မိခင် Mei Xiang ၊ ဖခင် Tian Tian တို့နှင့်အတူ ယင်းပန်ဒါသားပေါက်လေးအား ပထမဆုံး လူအများရှေ့သို့ ထုတ်ဖော်ပြသခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် တိရစ္ဆာန်ဥယျာဉ်အား ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပိတ်ခဲ့ပြီး ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကာ နိုဝင်ဘာလတွင် ပြန်ပိတ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
U.S. national zoo welcomes back visitors in Washington D.C.
WASHINGTON, May 21 (Xinhua) — The Smithsonian’s National Zoo reopened in Washington D.C. on Friday at 20 percent of its full capacity, allowing guests to visit the nation’s beloved giant pandas and many other wild animals.
“Today is a great day for the national zoo because our mission is about inspiring the public to care about wildlife,” said Steve Monfort, director of the zoo in an interview with Xinhua on Friday morning.
He said the zoo is “very, very fortunate” since its staff have stayed safe and no animals in the zoo have been infected by the coronavirus.
Two giant lion statues guarding the zoo’s entrance still sport colorful face masks and visitors aged 2 and older are also required to wear a face mask in the zoo. The number of free timed-entry passes is limited, down from some 20,000 pre-pandemic to less than 6,000 per day.
Furthermore, due to the highest popularity of giant pandas, especially Xiao Qi Ji, a 9-month-old cub born at the height of the pandemic, separate timed passes are needed to see them.
The cub, whose name translates into English as “little miracle,” made his first public appearance on Thursday during a one-hour media preview, together with his mom Mei Xiang and dad Tian Tian.
The zoo closed in March 2020 and reopened in July, then shut down again in November due to the COVID-19 pandemic. Enditem
Photo taken on May 20, 2021 shows the giant panda cub “Xiao Qi Ji” at Smithsonian’s National Zoo in Washington, D.C., the United States. (Xinhua/Liu Jie)