Connect with us

North America

အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ စွန့်ပစ်ရေဆိုးထဲတွင် အိုမီခရွန် မျိုးဗီဇပြောင်းပိုး တွေ့ရှိ

ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလယ်ပိုင်း တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ဟူစတန်မြို့၌ စွန့်ပစ်ရေဆိုးထဲတွင် COVID-19 ရောဂါ မျိုးဗီဇပြောင်းပိုးအား တွေ့ရှိခဲ့ပြီး မျိုးဗီဇအသစ်၏ ဒေသတွင်းပြန့်နှံမှုအား အတည်ပြုလိုက်ကြောင်း ဟူစတန်မြို့ တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ဟူစတန်မြို့သည် စွန့်ပစ်ရေဆိုးသန့်စင်ရေးစက်ရုံ ၃၉ ရုံအနက် ၈ ရုံတွင် အိုမီခရွန် မျိုးဗီဇပြောင်းပိုးအား တွေ့ရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြမှုများအရ သိရသည်။

ဟူစတန်မြို့၏ အကြီးဆုံး ကောင်တီတစ်ခုဖြစ်သည့် Harris ကောင်တီ၌ နေထိုင်သည့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် တက္ကဆက်စ်ပြည်နယ်၏ COVID-19 ရောဂါ မျိုးဗီဇပြောင်းပိုး ကူးစက်ခံရသော ပထမဆုံး လူနာအဖြစ် ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုခဲ့ကြောင်း တက္ကဆက်စ်ပြည်နယ်ကျန်းမာရေးဝန်ဆောင်မှုများဌာနထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူ ဖြစ်ပြီး လတ်တလော ခရီးသွားလာမှု မှတ်တမ်း မရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

ချီကာဂိုမြို့၌ ပထမဆုံး ကိုဗစ်-၁၉ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခံရမှုအဖြစ် အတည်ပြုခြင်းခံရသူသည် အခြားပြည်နယ်တစ်ခု၌ အိုမီခရွန် ကူးစက်ခံရထားကြောင်း စစ်ဆေးတွေ့ရှိထားသည့် အဖော်တစ်ဦးနှင့် အတူ မြို့ထဲသွားလာမိသူတစ်ဦးဖြစ်ကြောင်း Chicago Tribune က ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့ပြီး အဆိုပါပုဂ္ဂိုလ်သည် ကာကွယ်ဆေး အားဖြည့်ထိုးနှံမှုနှင့်အတူ အပြည့်အဝ ကာကွယ်ဆေးထိုးထားသူဖြစ်ကြောင်း နှင့် ဆေးရုံ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက်တွင် တောင်အာဖရိကနိုင်ငံ၌ ပထမဆုံး တွေ့ရှိခဲ့သည့် အိုမီခရွန် မျိုးဗီဇပြောင်းပိုးအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက စိုးရိမ်ပူပန်ဖွယ်မျိုးဗီဇကွဲ အဖြစ် စာရင်းသွင်းထားကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)
Omicron variant found in wastewater in U.S. Houston

HOUSTON, Dec. 7 (Xinhua) — The Omicron variant of COVID-19 has been found in wastewater in Houston, the largest city in the south central U.S. state of Texas, confirming the local spread of the new strain, city officials said on Tuesday.

The city has detected the Omicron variant in eight of its 39 wastewater treatment plants, according to multiple local media outlets.
A woman in her 40s living in Harris County, which covers much of Houston, was identified on Monday as Texas’ first case of the Omicron COVID-19 variant, according to Texas Department of State Health Services.

The woman was fully vaccinated and did not report any recent travel history, local media reported.
The first COVID-19 Omicron variant case in Chicago was identified in someone who had contact with an individual who had traveled to the city and tested positive for omicron in another state, Chicago Tribune reported Tuesday, adding that the person was fully vaccinated with a booster dose and is not hospitalized.

First reported in South Africa on Nov. 24, Omicron has been listed as a “variant of concern” by the World Health Organization. Enditem
Photo – Vehicles move on a snow-capped road in Houston, Texas, the United States, on Feb. 15, 2021. (Photo by Chengyue Lao/Xinhua)