Connect with us

INTERNATIONAL ORGANIZATION

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်ရှိ စာသင်ကျောင်း ၂၆ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ

ချီကာဂို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အီလီနွိုက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (IDPH) က ကိုဗင်-၁၉ ရောဂါ (COVID-19) ဖြစ်ပွားနေသော စာသင်ကျောင်း ၂၆ ကျောင်းရှိပြီဖြစ်ကာ ချီကာဂိုမြို့ပြဧရိယာရှိ ကျောင်းအမြောက်အများ ပါဝင်ကြောင်း Chicago Tribune က ဩဂုတ် ၃၁ ရက်၌ သတင်းဖော်ပြခဲ့သည်။စာသင်ကျောင်းနှင့်ဆက်စပ်သော ရောဂါဖြစ်ပွားမှု အရေအတွက်သည် အားကစားပွဲများကဲ့သို့ စာသင်ကျောင်းမှကြီးမှူးကျင်းပသော လှုပ်ရှားမှုများ အပါအဝင် ကျောင်းအစီအစဉ်များမကျင်းပမီနှင့် ကျင်းပပြီး အနေအထားကို နှိုင်းယှဉ်ဖော်ပြထားသည်။

ရောဂါဖြစ်ပွားမှုစာရင်းဝင် စာသင်ကျောင်းအများစုမှာ ရောဂါဖြစ်ပွားသူ ၅ ဦးအောက်ရှိရမည်ဖြစ်ကြောင်း၊ ယခင်က သတ်မှတ်ထားချက်မှာမူ ရောဂါဖြစ်ပွားသူ ၅ ဦးနှင့် ယင်းထက်ပိုရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အပတ်စဉ် မွမ်းမံထားပြီး ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသော အီလီနွိုက်ပြည်နယ်၏ စာသင်ကျောင်းဆိုင်ရာ ကိုဗစ်-၁၉ အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေရှိ၍ ထိတွေ့မှုခြေရာခံခြင်းဖြင့် ဖော်ထုတ်တွေ့ရှိထားသည့် စာသင်ကျောင်း ၅၄၆ ကျောင်းလည်း ရှိကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး Pritzker ၏ စာသင်ကျောင်းအတွင်း နှာခေါင်းစည်းမတပ်မနေရအမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ထားသော အစိုးရနှင့် ပုဂ္ဂလိကကျောင်း အရေအတွက်မှာ ယခုသီတင်းပတ်တွင် ဆက်လက်မြင့်တက်လျက်ရှိသည်။

အီလီနွိုက်ပြည်နယ် ပညာရေးဘုတ်အဖွဲ့က ၂၀၂၁-၂၂ ပညာသင်နှစ်စတင်ချိန်မှစ၍ အီလီနွိုက်စာသင်ကျောင်းခရိုင် ၆၂ ခုတွင် နှာခေါင်းစည်းမတပ်မနေရအမိန့်ကို လိုက်နာရန် ပျက်ကွက်လျက်ရှိကြောင်း တင်ပြထားသည်။ (Xinhua)

——————————————-
(English Version)

COVID-19 outbreaks reported at 26 schools in U.S. state of Illinois

CHICAGO, Aug. 31 (Xinhua) — The Illinois Department of Public Health (IDPH) on Tuesday listed 26 Illinois schools with COVID-19 outbreaks, including several in the suburban Chicago areas, Chicago Tribune reported on Tuesday.

Outbreaks reported by IDPH include those that have been identified by the school’s local health department to have two or more COVID-19 cases among people who may have a shared exposure on school grounds and are from different households.

Case counts for school-related outbreaks also include those associated with before and after school programs, including school-sponsored activities such as athletic events.
Most of the schools listed as having outbreaks reported fewer than five cases. The criterion for an outbreak was previously five or more cases.

The state’s school COVID-19 data, which is updated weekly, on Tuesday also included 546 schools identified by contact tracers as having “potential” COVID-19 exposures.
The number of public and private schools sanctioned for noncompliance with Governor Pritzker’s school mask mandate also continued to climb this week.

Illinois State Board of Education has reported that since the start of the 2021-22 school year, 62 Illinois school districts are failing to comply with the mask mandate. Enditem
Photo : People arrive at a Chicago Cubs’ game with no attendance limits in Chicago, the United States, on June 11, 2021. (Photo by Joel Lerner/Xinhua)